Zawgyi
အပိုင်း-(18)
တိုင်ရန့် က ဝက်စကာ၏ ခန္ဓာကိုယ်ကို အမှိုက်တစ်စလို လွင့်ပစ်လိုက်တာကို ဖန့်ချီ၏ဖန်သားပြင်ကို ကြည့်နေသည့် လူများမှာ ထိတ်လန့်သွားခဲ့ရသည်။
"ဝက်စကာ... သေသွားပြီလား.."
စွန်းချင်းဖန် က သူမြင်လိုက်ရတဲ့ နှလုံးရပ်မတန့် မြင်ကွင်းကြောင့် စိတ်လှုပ်ရှားကာ ပြောလိုက်သည်။
"သူသေပြီ နဲ့တူတယ်.."
လင်းရှောက် နှင့် တခြားလူများမှာ ပြောစရာ စကားများ ပျောက်ဆုံးကုန်ကြသည်။
အတိအကျ ဆိုရသော် လူဆိုးတစ်ယောက်က မွန်းစတား လက်ထဲတွင် သေတာကို မြင်ပြီး ရှော့ရနေကြသည်။ ထိုအရာက သူတို့ကို ပြောမပြတက်သော ဖိအားတွေကို မြင်လာမိသည်။
သို့သော်လည်း... , ဖန့်ချီ တွင် သူတို့ကို ဂိမ်း၏ ဇာတ်ကြောင်းကို ရှင်းပြရန် အချိန်မရှိချေ။ ဘာအတွေးမှ မထားတော့ဘဲ သူ၏ အနီးပစ်သေနတ်ကို ထုတ်ယူလိုက်သည်။
တိုင်ရန့်သည် ဝက်စကာကို သတ်ပြီးချိန် ဖန့်ချီက ထိုအရာကို ချိန်လိုက်ပြီး ဆက်တိုက် ပစ်ချလိုက်သည်။
ဖန့်ချီ စိတ်ပျက်သည့်အချက်မှာ တိုင်ရန့်၏ တစ်ချက်တည်းသော ရိုက်ချက်ဖြစ်သည်။ အလျင်အမြန်ပင် သူ၏ ကြီးမားသော လက်သည်းကြီးများကို သုံးကာ သူ၏ နှလုံးကို ကာကွယ်လိုက်သည်။ စွမ်းအားပြင်းထန်သည့် ကျည်ဆံများက သူ၏ လက်သည်များကို သေးငယ်သော အရာလေးတွေသာ ပေးနိုင်သည်။
နှလုံးကို လက်သည်းဖြင့်ကာပြီး ထို တိုင်ရန့် က အရှေ့ကို ဖြည်းဖြည်းချင်း တိုးလာခဲ့သည်။ အနီးကပ်သေနတ်က သူ့ကို ဒဏ်ရာကောင်းစွာ မပေးနိုင်ချေ။
ထို တိုင်ရန့် က သူ၏ရှေ့က ရန်သူဆီကို လေးလံသည့် တင့်ကားကြီး တစ်စီးပမာ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။ ထိုအရာက ကစားသမား ကို တိုက်ခိုက်စရာပင် မလိုဘဲ ဖိအားတွေ ဝင်စေလေသည်။
သာမန် ပစ္စတိုသေနတ်တွေက တိုင်ရန့် ကို နာကျင်အောင် မလုပ်နိုင်ပေ။ ထို့အပြင် အနီးပစ်သေနတ် တွေကလည်း သက်ရောက်မှု ရှိအောင် အနီးစပ်ဆုံး ဖြစ်အောင်လုပ်ကာ ပစ်ဖို့ လိုအပ်ပေသည်။ ထို့ကြောင့် တိုင်ရန့် ကို အနီးပစ်သေနတ်ဖြင့် တိုက်ခိုက်ရန်မှာ အလွန်အန္တရာယ်များ လှပေသည်။
YOU ARE READING
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Black Tech Internet Cafe System Author(s) - The Leaf That Goes Against Water - 逆水之叶...