(Unicode)
ထိုကောင်လေးထွက် သွားတာနဲ့ ဉကာဂျွန်တို့လည်း ကားပေါ်တက်ကာ ကောင်လေးရဲ့ မနီးမဝေးက နေပဲ့ ရွာထဲသို့လိုက်လာခဲ့တော့သည်။
ဖြူဖြူစင်စင် ပုလဲလေးတွေကိုမှ ချစ်တယ်လို့သူကဆိုလာစဉ် .........🎶
အေ့!
ပုလဲလေးတွေဆိုတာ ကမာကောင်လေးတွေရဲ့မျက်ရည်ပဲ့ခင် ............🎶
ေအ့!
ဒါကြောင့်သာပင် လည်မှာဆွဲစမ်း....စမ်း!....🎶
ဒုတ်!!!
အမလေး!
ပလုပ်တုတ်တုတ်!!ဧည့်ခန်းထဲတွင်
အရက်လေးတစ်ငုံသောက်လိုက် သီချင်းလေးကို တစ်ခါ ဆိုလိုက်နဲ့ ဇိမ်ကျကျနေနိုင်တာလို့တစ်ခြားသူတော့မဟုတ် ဟောဒီ က စိုင်းအဏဝါထယ်ရဲ့ အကုိ စိုင်းမင်းခန့်သာဖြစ်သည်။ မင်းခန့်သည် အိမ်ရဲ့ အကြီးဆုံးသားဆိုပေမယ့်လည်း ကြိုးကြိုးစားစားလုပ်စားတဲ့သားတော့မဟုတ် ကြိုးကြိုးစားစားနဲ့ သူအဖေ ဉီးမင်းဟန် ရှာထား သမျှ ပိုက်ဆံကို ကျတော့ ဖြုန်းပေးရှာပါသည်။အေ့! အဏဝါထယ်ရယ် ခြင်းချတာများဖြေးဖြေးသာသာချလည်းရပါတယ်! အခုတော့ မင်းလုပ်မှ ဆိုနေတဲ့စာသားတောင်မေ့ကုန်ပြီ
အကုိကရော ဘာလို့အဲအရက်တွေ သောက်နေရတာလဲ!!
ဆိုပြီး ပြောကာ အခန်းတွင်းသို့ဟောခနဲဝင်သွားလေသည်။
''ဟမ် ''
မင်းခန့်မှာတော့ အခန်းထဲသို့ဝင်သွားသော သူ့ညီအားကြည့်ကာ ပြောတာကတစ်ခြား ပြောခံလိုက်ရတာက တစ်ခြားကြောင့် သူဘာစကားများမှားပြောမိလဲ ဟုစဉ်းစား၍ပင်မရပေ။
အဏဝါထယ်သည် အမှန်ပြောရရင် အကုိဖြစ်သူအရက်သောက်သည်ကိုမကြိုက်ချေ။
ဒါပေမဲ့ သူ့အကိုက တော်ပါသေးတယ်ပဲ့ပြောရမလား သောက်ပြီးရင် ဟိုလူပတ်ရမ်း ဒီလူပတ်ရမ်းမဟုတ်ဘဲနဲ့ သူဘာသာ သီချင်းကို အော်ဆိုပြီးနေတတ်သည်မို့ စိတ်လေးတော့အေးရပါသည်။အား!!!!!
တစ်လမ်းလုံးစိတ်တိုတိုနဲ့ ရောက်လာကာအိမ်ရောက်တော့လည်း အကုိကပါအရက်သောက်နေသည့်အတွက်ကြောင့်မကျေနပ်မှုတွေပေါင်းကာ အခန်းထဲတွင်ဒေါသထွက်နေသော သူတစ်ယောက်လည်းရှိပါသည်။
YOU ARE READING
တောင်တန်းမြေမှချစ်သက်သေ~~~
Фанфикtop- jjk bottom - kth ^အမောင်ကိုတော့ချစ်ပေမဲ့ ဆေးပေါ့လိပ်တော့မကြိုက်ဘူး^