အပိုင်း(၁) Unicode+Zawgyi

7.9K 146 12
                                    

ဇွဲသုတကို တစ်ယောက် fb ပေါ်က statusတစ်ခုကိုကြည့်ပြီး မျက်မှောင်ကြီး ကြုံ့နေပါလေရဲ့ ။

ထိုသည်က
"ကျွန်မသားလေး အဆင့်တစ်ရ အမှတ်တရ"တဲ့ ။

ပို့စ်ပိုင်ရှင်အား ဒေါသထွက်နေခြင်းကား မဟုတ် ။မနာလိုခြင်းလည်း မမည်။

ဒေါသထွက်နေခြင်းသည် သူ့ညီကိုသာဖြစ်သည်။ သူများတွေreport cardရတာ ၃ရက်လောက်ရှိပြီတဲ့လေ ညီ ဖိုးထူးသားကတော့ ဖုံးကွယ်၍ ထားသည်မဟုတ်ပါလား။

ဖိုးထူးသာကတော့ ဖုန်းထဲ၀င်မတက် ဂိမ်းကိုအလုအယက်ဆော့နေစဉ်

"ထ အငယ်ထောင်"
"ဗျာ ကိုကြီး"

ကိုကြီး အသံ နဲ့ မျက်နှာက ဒေါသရိပ်များ ခံစားမိသဖြင့် မထဘဲ မနေရဲ။

"Report card နဲ့  ball pan သွားယူ "
"ဗျာ"

ခပ်စူးစူးတချက်ကြည့်ပေးလိုက်မှ မသွားချင်သွားချင်နှင့် ထသွားယူသော အငယ်ကောင် ။

ကိုကြီးကလည်း အပြင်သို့ ထွက်သွားသည်။

ဖိုးထူးသာ report cardယူပြီး ဧည့်ခန်းထဲ ပြန်၀င်လာချိန်တွင် တွေ့လိုက်ရသည် မြင်ကွင်းကတော့ ထိတ်လန့်စရာ။

ခပ်တူတူ ဝါးစိမ်း အရှည် ကို ကိုင်ထားသော ကိုကြီး။
‌ခုမှ လတ်လတ်ဆက်ဆက်  ချိုးလာပုံပင် ။

"ပေး"

Report cardကို ယူလိုက်ပြီး တချက်ကြည့်ကာ
ချလိုက်သည်။
သက်ပြင်းသံ အနည်းငယ်ဖြင့်ပေါ့။

ထို့နောက်
ဖိုးထူးသာကို တချက်ကြည့်ရင်း

"ပြသာနာကို ရှောင်ပြေး‌ေနလို့  ပြီးမသွားဖူး ဖိုးထူးသာ"

"ခေါင်းမော့ ငါ့မွေးထားတဲ့ည‌ီက သတ္တိလာကြောင် ပြမ‌နေနဲ့ "

"ဟုတ် ကိုကြီး"

ဟုသာ တ‌ံတွေးမျိုချရင်း ဖြေလိုက်ရသည်။

အော် သတ္တိရှိတဲ့လေ။
ကိုကြီးနဲ့တွေ့ရင် သတ္တိတွေက ကြက်ပျောက် ငှက်ပျောက်။

ဘယ်တုန်းကမှ အပြုံး ၊အရယ် မရှိသော ကိုကြီး။
တည်ငြိမ်သော မျက်နှာထားတင်းတင်း၊
စူးရှသော မျက်၀န်းတစ်စုံ နှင့် ကိုကြီး။
စကားဆို ပြတ်ပြတ်ပြောတက်သော ကိုကြီး။

ချစ်ခြင်း‌ဖြင့် နူ့ညံ့သောOnde histórias criam vida. Descubra agora