🥀 မြကျေးငယ်🥀
Part(1)🚑🚑🚑🚨🚨
အရေးပေါ်လူနာ...အရေးပေါ်လူနာ...
Ambulance ပေါ်ကနေ သွေးများပေကြံနေသော လူနာကို ကုတင်ပေါ်တင်ကာ ဒေါက်တာများ နပ်စ်များ operations ခန်းထဲ ပြေးနေကြသည်။
"ဟဲ့...ဘာဖြစ်တာတဲ့လဲ"
"ဒေါက်တာ ချောကလျာလေ...accident ဖြစ်တာတဲ့။"
"ဒေါက်တာ ချောကလျာဆိုတာ...ငါတို့ဆေးရုံကိုတာဝန်ကျတယ် ဆိုတဲ့ ဒေါက်တာမလေးလား။"
"အေး... အခု ဒီကိုလာရင်း ဖြစ်တာတဲ့။"
"ဘုရား ဘုရား...ဘာမှမဖြစ်ပါစေနဲ့ဟယ်။"
"အေး... အဲ့လိုပဲ ဆုတောင်းရမှာပဲ။"
Reception က စာရေးမလေး နှစ်ယောက် ပြောနေခြင်း ဖြစ်သည်။
"ဟဲ့ မြကျေး... ထမင်းစားမနားသေးဘူးလား။"
"အေး ခနနေမှ နားတော့မယ်ဟာ...ဒေါက်တာနဲ့ အတွဲ၂က လူနာ သွားကြည့်ရဦးမယ်။"
"အေး ဒါဆို... ငါ စားနှင့်လိုက်တော့မယ်"
"အင်းအင်း..."
မြကျေး နွယ်နီနှင့် စကားပြောပြီးတော့လူနာ ဆောင်သို့ ထွက်လာခဲ့သည်။
သူမ ငယ်ငယ် ကတည်းက အရမ်းဖြစ်ချင်ခဲ့တဲ့ သူနာပြု ဖြစ်နေရသော်လည်း သူမ မပျော်ရွှင်နိုင်သေးပါ။
သူမ အရမ်းချစ်ရတဲ့ သူမရဲ့ မောင်လေးက (သွေးကင်ဆာ)ဖြစ်နေသည်လေ။လေးလ တစ်ကြိမ်သွေးသွင်းရတဲ့ မောင်လေးရဲ့ ဆေးဖိုးအတွက် သူမ ရှာရသည်မှာ ပင်ပန်းလှသည်။
မွေးရာပါ မောင်းလေးရဲ့ ရောဂါကို မေမေတို့ရှိစဥ်က ကုနိုင်ပေမယ့် မေမေတို့ မရှိတော့တဲ့ အချိန်မှာတော့ တာဝန်အားလုံးက သူမခေါင်းပေါ် ကျလာခဲ့သည်။ ဒါပေမယ့် မေမေတို့ ချန်ခဲ့တဲ့ ခြံလုပ်ငန်းလေးကို ဒေါ်လေးက ဦးစီးပေးမှုကြောင့် သူမ အနည်းငယ် သက်သာလှသည်။
မြကျေး... အတွေးများနှင့် လမ်းလျှောက်လာရင်း လူနာဆောင်သို့ ရောက်တော့ ဒေါက်တာနှင့်အတူ အတွဲ၂သို့ လာခဲ့သည်။
"အဒေါ် ကျွန်တော်ပေးတဲ့ ဆေးတွေသာပုံမှန်သောက်ပါ၊မြကျေး..."
YOU ARE READING
🥀မြကျေးငယ်🥀
General Fictionဒေါက်တာနဲ့သူနာပြု ဇာတ်လမ်းလေးပါ။ -Completed -(Uni&Zawgyi)