Part6(Zawgyi)

183 15 3
                                    

    🥀မြကျေးငယ်🥀
                       Part(6)

    ကလျာ  ကားလေးနှင့် ဆူးခက်ကို သွားကြိုလိုက်သည်။

   ဆူးခက် တိုက်ခန်းပေါ်က ဆင်းလာပြီး....

" ကလျာ နင်ဘယ်လိုဖြစ်သွားတာလဲ နင်ပြောတော့..."

  " ငါ စိတ်ပြောင်းသွားလို့ဟာ..လာတတ် မြန်မြန် သွားရအောင်..."

  ဆူးခက်  ကလျာဘေးတွင်ဝင်ထိုင်လိုက်သည်။

  ကလျာ ကတော့...ကားလေးကိုအရှိန်တင်ပြီး...မောင်းနှင်လိုက်သည်။

  ဆူးခက်ကတော့  ကလျာကို ကြည့်ကာ....

"ချက်ချင်းကြီး ဘာလို့ စိတ်ပြောင်းသွားတာလဲ....ဟင့်အင်း သူ မသိလောက်ပါဘူး....ဒီတိုင်း ကျော်စွာနဲ့ တွေ့ချင်လို့ နေမှာပါ....."

  ကားလေးကတော့ အရှိန်ပြင်းစွာ...မောင်းနှင်နေသည်မှာ....အချစ်ရှိရာသို့........

           

  မြကျေး ဒီနေ့ night dutyမို့....သူမ အခန်းဖော်အမတွေ ပြန်သွားသော်လည်း သူမကျန်နေခဲ့သည်။

   ညနေ မို့ သူမတာဝန်ယူထားသည့် လူနာကို ကြည့်ရန် ထွက်လာစဉ်...

  " ဒေစီရေ....အရှေ့က ဒေါက်တာ့ ဆေးဆိုင်မှာ...ဆေးသွားယူပေးပါဉီး...ကောင်တာမှာ ဆေးကုန်နေလို့..."

  " ဟုတ် ဒေစီ...သွားယူပေးမယ်နော်..."

 မြကျေး ဆေးဆိုင်သို့ အရင် ထွက်လာခဲ့သည်။

      ကလျာ မနက်ကတည်းက..မောင်းနှင် လာသော​ကြောင့်....ညနေတွင် ကလောသို့ ရောက်လာခဲ့သည်။

   " ဟဲ့ဆူးခက်....ရှေ့ကဆေးဆိုင်က ကျော်စွာ့ ဆေးဆိုင်မဟုတ်လား..."

   " အင်း ထင်တာပဲ...."

  " ဒါဆို ငါဆင်းပြီး မေးကြည့်လိုက်မယ်..."

" အင်း...အဲ့မှာ မတွေ့ရင်တော့...ကျော်စွာ့အိမ်ပဲ သွားရအောင်...ဆေးရုံထဲ မဝင်နဲ့တော့...ငါခေါင်းကိုက်နေလို့..."

    " အင်းအင်း..."

ဟုဆိုကာ...ကလျာ ကားပေါ်မှ ဆင်း၍ ဆေးဆိုင်သို့ လာခဲ့သည်။

   မြကျေး ဆေးယူပြီး...ဆေးဆိုင်မှ အထွက်..

   " ဘုတ်.."
လူတစ်ယောက်နှင့် ဝင်တိုက်မိကာ...သူမဆေးထုတ်လေး ပြုတ်ကျသွားသည်။

🥀မြကျေးငယ်🥀Where stories live. Discover now