🥀မြကျေးငယ် 🥀
Part(8)
ကလျာ အနမ်းတို့ကွာစေပြီး..." မမမင်းကို အရမ်းလွမ်းနေတာ...ဒီအတောအတွင်း မင်းအရမ်းပင်ပန်းခဲ့မှာပဲ...တောင်းပန်ပါတယ် မမမင်းအပေါ် နာမလည်ပေးနိုင်ခဲ့လို့......မမတို့ ထပ်မဝေးရအောင်...အမြန်ဆုံး လက်ထပ်ကြမယ်နော်..."
" ရှင်...."
ကလျာ မြကျေးပုခုံးလေးကို ကိုင်ပြီး....
" ဟုတ်တယ်လေ...မမတို့ထပ်မဝေးချင်တော့ဘူး...."
မြကျေးဘာမှ ပြန်မပြောပဲ စဉ်းစားနေမိသည်။
သူမ မောင်လေးကို သူမ ဘယ်လိုလုပ်ရမလဲ....
" မြကျေး...မြကျေးမောင်လေး နေကောင်းတဲ့အထိ စောင့်ချင်သေးတယ်...."
" မြကျေးရယ်....ဆူးခက်အကြောင်းလဲ...သိတာပဲ...မမသူငယ်ချင်းတွေထဲမှာလဲ...ကင်ဆာအထူးကုတွေ ရှိပါတယ်..မြကျေးမပူနဲ့နော်..."
ထိုအခါ မြကျေး ကလျာကို မော့ကြည့်လာသည်။
ကလျာကလဲ မြကျေးကို ငုံ့ကြည့်ပြီး...
" မမ မင်းနဲ့ ထပ်ဝေးရင် သေလိမ့်မယ် မြကျေးငယ်....."
"အို...မမရယ် နောက်တစ်ခါအဲ့လိုစကားမျိုးတွေမပြောပါနဲ့လား..."
ကျော်စွာ ဒီနေ့ ကလောကို မပြန်တော့ပဲ..ကလျာ အခန်းတွင်သာ နေဖို့ ဆုံးဖြတ်ထားသည်။
ကလျာက သူမြကျေးအကြောင်း ပြောလိုက်တော့...အပျော်လွန်ပြီး သူ့ကားနှင့် ကလောကို ထွက်သွားသောကြောင့်.....
သူ ကလျာအခန်းတွင် သောင်တင်နေရခြင်းဖြစ်သည်။
"ဒေါက်...ဒေါက်...ဒေါက်"
" ကလျာ...ကလျာ...ငါပါ ဆူးခက်"ကျော်စွာ..ဆူးခက် အသံကြောင့်...အခန်း တံခါးဖွင့်ကာအပြင်သို့ ထွက်လိုက်သည်။
" ဆူးခက်..."
" ကျော်စွာ....နင်ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ....ကလျာ ကော.."
ဆူးခက်အမေးကို ဘယ်လိုဖြေရမလဲ ကျော်စွာ စဉ်းစားနေမိသည်။
" ကျော်စွာ ငါမေးနေတယ်လေ ကလျာကောလို့..."
" ဟို...ကလျာ မရှိဘူး ဟ..."