Part7(Unicode)

1.7K 161 12
                                    

🥀မြကျေးငယ်🥀
Part(7)

"အဟင့်...ငါအသဲတွေ မရှိတော့ဘူး"
ကလျာ...လက်ဝါးဖြင့် မျက်နှာကို အုပ်၍အော်မိသည်။

"ကလျာ...နင်ဘာဖြစ်နေတာလဲ။စိတ်ကိုလဲထိန်းပါဦး။"

"မထိန်းဘူးဟာ...ကိုယ်ချစ်တဲ့ သူက အခြားတစ်ယောက်ကို ချစ်နေတဲ့ ခံစားချက်ကို နင်မှမသိတာ။"

ကလျာ့ စကားကြောင့်...ဆူးခက် ကားမောင်းရင်း...ကလျာ့ကို လှည့်ကြည့်လိုက်သည်။

ပြီးမှ....အရှေ့သို့ပြန်လှည့်ကာ...

"သိပ်သိတာပေါ့...အဲ့ခံစားချက်ကို ငါနားလည်တာပေါ့။"

" ဆူးခက်..."

"ဟင်..."

"ဒေစီက...ငါ့ရဲ့ မြကျေး တကယ်မဟုတ်ဘူးလား။"

ထိုအခါ ဆူးခက်က...

"မဟုတ်ဘူး..."

"ဒါဆို ငါ့စိတ်က ဘာလို့ သူ့ကို မြကျေးလို့ ထင်နေတာလဲ။သူ့ရဲ့အသံ သူ့ရဲ့ အငွေ့အသက်တွေက မြကျေးပဲ။"

"နင် စိတ်ထင်နေလို့ပါ..."

ကလျာ...ဘာမှမပြောတော့ပဲ ပြတင်းပေါက်ဖက်ကိုသာ ငေးကြည့်နေသည်။

သူမမျက်လုံးခွဲစိတ်ပြီးလို့ မေ့ဆေးအရှိန်နဲ့ အိပ်ပျော်နေတဲ့ ခနမှာ ဘာတွေ ပြောင်းလဲသွားတာလဲ...မြကျေးကကော ဘာလို့ထွက်သွားတာလဲ.....။


မြကျေး သတိလစ်နေသောကြောင့်....ကျော်စွာ ဘေးမှ ထိုင်စောင့်နေသည်။

သတိလစ်နေသော မြကျေးလက်လေးကို ကိုင်ဖို့လုပ်ချိန်.....

မြကျေး နှုတ်ခမ်းလေးမှ....

"ကျွန်မ... ကျွန်မ ဒေါက်တာ့ကို မချစ်ဘူး....တောင်းပန်ပါတယ်...တောင်းပန်ပါတယ်...ကျွန်မကြောင့် သူမ ငိုနေရပြီး....ကျွန်မအရမ်းပင်ပန်းနေပါပြီ...ကျွန်မတောင်းပန်ပါတယ်...အဟင့်.."

မြကျေး သတိလစ်နေရင်း သူမစိတ်ထဲက မြိုသိပ်ထားရသည်များကို ထုတ်ပြောနေလေသည်။

"ဒေစီ...ဒေစီ...သတိထားပါဦး..."

ကျော်စွာ မြကျေးကို လှုပ်နိုးဖို့ပြင်လိုက်စဥ်....

🥀မြကျေးငယ်🥀Where stories live. Discover now