🥀မြကျေးငယ်🥀
Part10(ဇာတ်သိမ်းပိုင်း)
မနက်ခင်း နေရောင်ခြည်လေးနှင့် ပန်းကလေးများဟာလည်း ရနံ့သင်းပျံ့စွာဖူးပွင့်ဝေဆာလျက်ရှိသည်။
မြကျေးတို့မင်္ဂလာဆွမ်းကျွေးပွဲလေးမှာလည်းအောင်မြင်စွာဖြင့်ပြီးမြောက်ခဲ့လေပြီ။"မေမေနဲ့ ဒေါ်လေးကို သမီးတို့ ကန်တော့ပါရစေ..."
"အေးကွယ်.. အေးကွယ်..."ဒေါ်ဖြူစင်နှင့် ဒေါ်သစ္စာ နေရာယူလိုက်ပြီးထိုင်လိုက်သည်။
ကလျာနှင့်မြကျေးတို့လည်းပျော်ရွှင်စွာဖြင့် ဉီးသုံးကြိမ်ချ ကန်တော့လိုက်သည်။"သာဓုပါကွယ်... သာဓု သာဓု ဒီလင်ဒီမယား..အဲ အဲ ...မှားကုန်ပါပြီ ဒီဇနီးဒီမယားအိုအောင်မင်းအောင်ပေါင်းရပါစေကွယ် ...တွဲသည့်လက် သက်ထက်ဆုံးတိုင်မြဲကြပါစေနော်..."
"ဟုတ်..ပေးတဲ့ဆုနဲ့ပြည့်ပါစေ မေမေ"
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေ မေမေ""ဒေါ်လေးရော သမီးတို့ကို ဆုပေးအုံးလေ"
မြကျေး ဒေါ်ဖြူစင်ဘက် လှည့်ကာဆိုလိုက်သည်။
"အဲ..လေ..ဒေါ်လေးကတော့ သမီးတို့နှစ်ယောက်ချစ်ခြင်း ဒီထက်မကပိုပြီး....ခိုင်မြဲပါစေ..လို့ ဆုတောင်းပေးပါတယ်နော်""ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဒေါ်လေး"2
"မေမေတို့ကမနက်ဖြန်မြှပန်ကြမယ်မလား ည ပါတီ ရှိသေးတယ်ဆိုတော့နားလိုက်ကြအုံးလေ"
အခု ကလျာတို့ရောက်ရှိနေတဲ့အိမ်လေးက ကလျာ့မေမေ ကလျာတို့အတွက် မင်္ဂလာ လက်ဖွဲ့တဲ့လေ။
...................................
ကလျာ့မေမေ လက်ဖွဲ့အဖြစ်ပေးထားသောခြံဝန်းလေးမှာပဲ ပါတီပွဲဆင်နွဲကြသည်။နွယ်နီနှင့်ရွယ်ကတော့ ပါတီပွဲအတွက်ပြင်ဆင်ရန်နေ့လည် ကတည်းက ရောက်ရှိလို့နေသည်။
"နွယ်နီ ငါကတော့ဝမ်းသာလို့ကို မဆုံးဘူးဟာ.. မချောကလျာနဲ့ မြကျေးတဂယ်လိုက်ဖက်တယ် သိလား... ဟိဟိ"
ရွယ် မနက်ကတည်းက နွယ်နီ့အား အဲ့စကားပဲတဖွဖွပြောနေသည်။အခုလည်းပြောနေခြင်းကြောင့် နွယ်နီနားပူလှချေပြီ။"ရွယ် ငါ နားပူနေပြီဟာ ...အယ်..ဒါနဲ့မြကျေးတို့ဆင်းပြီးမလာကြသေးဘူးလား မသိဘူး...ဒေါ်ဒေါ်တို့ကိုပဲမြင်တယ်"
YOU ARE READING
🥀မြကျေးငယ်🥀
General Fictionဒေါက်တာနဲ့သူနာပြု ဇာတ်လမ်းလေးပါ။ -Completed -(Uni&Zawgyi)