🥀မြကျေးငယ် 🥀
Part(8)
ကလျာ အနမ်းတို့ကွာစေပြီး..."မမမင်းကို အရမ်းလွမ်းနေတာ...ဒီအတောအတွင်း မင်းအရမ်းပင်ပန်းခဲ့မှာပဲ။တောင်းပန်ပါတယ် မမ မင်းအပေါ် နာမလည်ပေးနိုင်ခဲ့လို့...မမတို့ ထပ်မဝေးရအောင်...အမြန်ဆုံး လက်ထပ်ကြမယ်နော်။"
"ရှင်..."
ကလျာ...မြကျေးပုခုံးလေးကို ကိုင်ပြီး....
"ဟုတ်တယ်လေ...မမတို့ထပ်မဝေးချင်တော့ဘူး"
မြကျေး ဘာမှပြန်မပြောပဲ စဥ်းစားနေမိသည်။
သူမ မောင်လေးကို သူမ ဘယ်လိုလုပ်ရမလဲ....
"မြကျေး...မြကျေးမောင်လေး နေကောင်းတဲ့အထိ စောင့်ချင်သေးတယ်"
"မြကျေးရယ်....ဆူးခက်အကြောင်းလဲ...သိတာပဲ။မမ သူငယ်ချင်းတွေထဲမှာလဲ...ကင်ဆာအထူးကုတွေ ရှိပါတယ်...မြကျေး မပူနဲ့နော်။"
ထိုအခါ မြကျေး ကလျာ့ကို မော့ကြည့်လာသည်။
ကလျာကလဲ မြကျေးကို ငုံ့ကြည့်ပြီး...
"မမ မင်းနဲ့ ထပ်ဝေးရင် သေလိမ့်မယ် မြကျေးငယ်"
"အို...မမရယ် နောက်တစ်ခါအဲ့လိုစကားမျိုးတွေမပြောပါနဲ့လား..."
ကျော်စွာ...ဒီနေ့ ကလောကို မပြန်တော့ပဲ ကလျာ အခန်းတွင်သာ နေဖို့ ဆုံးဖြတ်ထားသည်။
ကလျာက သူ မြကျေးအကြောင်း ပြောလိုက်တော့...အပျော်လွန်ပြီး သူ့ကားနှင့် ကလောကို ထွက်သွားသောကြောင့်.....
သူ ကလျာ့အခန်းတွင် သောင်တင်နေရခြင်းဖြစ်သည်။
"ဒေါက်...ဒေါက်...ဒေါက်"
" ကလျာ...ကလျာ...ငါပါ ဆူးခက်"ကျော်စွာ...ဆူးခက် အသံကြောင့်...အခန်း တံခါးဖွင့်ကာအပြင်သို့ ထွက်လိုက်သည်။
"ဆူးခက်..."
" ကျော်စွာ....နင်ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ....ကလျာ ကော..."
ဆူးခက်အမေးကို ဘယ်လိုဖြေရမလဲ ကျော်စွာ စဥ်းစားနေမိသည်။
"ကျော်စွာ...ငါမေးနေတယ်လေ ကလျာကောလို့..."
"ဟို...ကလျာ မရှိဘူး ဟ..."
YOU ARE READING
🥀မြကျေးငယ်🥀
General Fictionဒေါက်တာနဲ့သူနာပြု ဇာတ်လမ်းလေးပါ။ -Completed -(Uni&Zawgyi)