🥀မြကျေးငယ်🥀
Part(5)ဒီနေ့ ကလျာ မျက်စိခွဲစိတ်ရတော့မည်....
" ကလျာ နင်မကြာခင် လောကကြီးကို ပြန်မြင်ရတော့မှာဟ..."" ဟို...မြကျေးကော..."
" မြကျေး သူ့အိမ်ကို ခနပြန်သွားတယ်..."
" ငါ မျက်လုံးပြန်မြင်လာရင်...မြကျေးကို အရင်ဆုံးတွေ့ချင်တယ်...."
ကလျာ စကားကြောင့်...ဆူးခက် မျက်နှာလေးပျက်သွားသည်။
"sry ပဲ ကလျာ...နင်သူ့ကို မြင်ခွင့်ရမှာမဟုတ်ဘူး...ငါ သူ့ကို နင့်ရဲ့ အဝေးကို ပို့ပေးမှာမို့လို့ပဲ.....
နင်ငါ့အချစ်တွေကိုပဲ မြင်ပေးပါ....."
ဆူးခက်စိတ်ထဲမှပြောနေမိသည်။
💔💔💔
" ဘာပြောတယ် သမီး..သမီးကအလုပ်ဝင်တာမှ မကြာသေးတာ...ဘာလို့ ပြောင်းရွေ့ခွင့်ကျတာလဲ..."" သြော် ဒေါ်လေးရယ်...တာဝန်အရပဲလေ...."
" ဟာ..အဲ့ဒါဆို မမ ကျွန်တော့ဆီမလာနိုင်တော့ဘူးပေါ့..."
" ဟာ..နေရောင်ကလဲ တစ်လ တစ်ခါတော့လာမှာပေါ့....နင်သာ ကျန်းမာရေး ဂရုစိုက်...ငါနင့်ကို ဒေါက်တာ အသစ်တစ်ယောက်နဲ့ တွေ့ပေးမယ်..သူက နင်အတွက် ဆေးတွေကော သွေးသွင်းဖို့ ကိစ္စပါ...တာဝန်ယူ ကုပေးလိမ့်မယ်..."
" ဘယ်သူလဲ...ကျွန်တော်ကုနေကျ ဒေါက်တာကရော..."
" သူက ဒေါက်တာ သီဟရဲ့..တပည့်တဲ့...နင်ဘာမှ မပူနဲ့နော်...ကျန်းမာအောင်နေ....ကိုယ့်ကိုယ်ကို ဂရုစိုက်.."
" သမီးရယ်...နေရောင့်ကိုစိတ်မပူပါနဲ့...ဒေါ်လေးတစ်ယောက်လုံးရှိတယ်...သမီးလေးသာ ဂရုစိုက်...ဖုန်းလဲ မကြာမကြာ ဆက်နော်..."
" ဟုတ်ကဲ့ပါ...နေရောင် မနက်ဖြန် ငါ သွားရင်...နင့်ကို ကုပေးမယ့်..ဒေါက်တာ နွယ်ဆူးခက် လာလိမ့်မယ်..."
" အင်းပါ.."
" ငါစိတ်ချမယ်နော်...ငါပြန်လာရင်...နင်နေကောင်းနေတာပဲမြင်ချင်တယ်...."
" ဟုတ်ကဲ့ပါ.."
" လိမ္မာတယ်.."
မြကျေး နေရောင့်ခေါင်းလေးကို ပုတ်လိုက်သည်။
သူမ မျက်နှာလေးကပြုံးနေပေမယ့်....ရင်ထဲမှာ ငိုနေတာ ဘယ်သူသိမှာလဲ.....
YOU ARE READING
🥀မြကျေးငယ်🥀
General Fictionဒေါက်တာနဲ့သူနာပြု ဇာတ်လမ်းလေးပါ။ -Completed -(Uni&Zawgyi)