🥀မြကျေးငယ်🥀
Part(3)မြကျေး...ခေါင်းလေးငုံ့၍ နေနေလိုက်သည်။
"ဆူးခက်လဲ မကြာခင် ပြန်လာတော့မှာ...အဲ့ကျရင် သမီးကို မေမေ့အစား အနီးကပ် ပြုစုလို့ရတာပေါ့။"
ပြောရင်း ကလျာ့မေမေက ကလျာကို ထမင်းကျွေးနေလေသည်။
"သမီးဝေယျာဝစ္စတွေအတွက် မေမေ နှင်းမေ ကို ထားခဲ့မယ်။ဆရာမလေးက သမီးရဲ့ ဝေယျာဝစ္စ အားလုံးကို လုပ်ပေးနိုင်မှာမှ မဟုတ်တာ..."
"ရပါတယ်...နှင်းမေကို ထားခဲ့ရင် မေမေ ဘယ်လိုပြန်မှာလဲ။"
"မေမေကိုယ်တိုင် ကားမောင်းပြီး ပြန်လိုက်မှာပေါ့..."
"မရပါဘူး...သမီးစိတ်မချဘူး။နှင်းမေကို အမေ့ကိုအရင် ပြန်လိုက်ပို့ခိုင်းလိုက်...ပြီးမှ ပြန်လာရင် ပြန်လာပေါ့။"
"အေးပါ သမီးပြောသလိုပဲ မေမေလုပ်လိုက်မယ်။"
ကလျာ့ကို ထမင်းကျွေးပြီးသွားတော့...
"ဆရာမလေး သမီးကို တိုက်ရမယ့် ဆေးတွေက..."
"သြော်... ဟုတ် မြကျေးယူပေးပါ့မယ်။"
မြကျေး... နံနက် တိုက်ရမယ့် ဆေးတွေကို ကလျာ့ မေမေ အားပေးလိုက်သည်။
ဆေးတိုက်ပြီးတော့...
"မေမေ ပြန်တော့မယ်သမီး...အခုချိန်လောက်ပြန်မှ ဟိုကို ညနေစောင်းလောက်ရောက်မှာ....သမီးအားမငယ်နဲ့နော်။မနက်ဖြန် နှင်းမေကို မေမေလွှတ်လိုက်မယ်၊ဆရာမလေး...သမီးကို ဂရုစိုက်ပေးပါဦးနော်...။"
"ဟုတ်ကဲ့..."
"ဒါဆို မေမေ ပြန်တော့မယ်သမီး..."
"ဟုတ်..."
"ဆရာမလေး ကျွန်မကို ခွင့်ပြုပါဦး။"
"ဟုတ်ကဲ့... "
ကလျာ့ မေမေ ထွက်သွားတော့...မြကျေး ကလျာစားပြီးသား ပန်းကန်များကို သိမ်းလိုက်သည်။
ကလျာက...
"မြကျေး ထမင်းမစားသေးဘူးလား။"
မြကျေး ဘာမှ ပြန်မပြော...
"ဟိတ်...မင်းမစားသေးဘူးလားလို့။"
မြကျေး ကလျာကို အသံမပေးပဲ ရပ်ကြည့်နေလိုက်သည်။
YOU ARE READING
🥀မြကျေးငယ်🥀
General Fictionဒေါက်တာနဲ့သူနာပြု ဇာတ်လမ်းလေးပါ။ -Completed -(Uni&Zawgyi)