part4(Unicode)

1.8K 164 15
                                    

🥀မြကျေးငယ်🥀
       Part(4)

ဒီနေ့တော့ မြကျေး စောစောနိုးကာ...ကလျာအတွက် အားလုံးပြင်ဆင်ပြီး...ကလျာကို နှိုးကာ...မျက်နှာသစ်ရန် toilet သို့ လိုက်ပို့ပြီး....နံနက်စာ ပြင်ပေးနေလိုက်သည်။

"ခနစောင့်ဦးနော်..မြကျေး ပန်းကန်လေးတွေ အရင်ဆေးလိုက်ဦးမယ်"

မြကျေး...ပန်းကန်များဆေးဖို့ toilet ထဲ ဝင်ပြီး ပြန်ထွက်လာတော့....

"ဟင်...ကလျာ..."

ဟုဆိုကာ...ကလျာ့ကို ပြေးဖက်လိုက်သော အမျိုးသမီးတစ်ယောက်....

"ငါ စိတ်မကောင်းလိုက်တာဟာ...ဘာမှ မပူနဲ့နော် ငါနင့်ကို ပြုစုပေးမယ်။နင်ပြန်ကောင်းလာတဲ့အထိ"

"ဆူးခက်...နင် ဆူးခက်လား"

" အင်း ဟုတ်တယ် ကလျာ..."

"နင် ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"

"ငါက နင့်ကို surprise လုပ်ဖို့ ပြန်လာတာ။အခုတော့ နင်ကြောင့် ငါ surprise ဖြစ်သွားပြီ။နင်ဘယ်လိုဖြစ်ရတာလဲဟာ..."

"အင်း...ငါလဲ ငါ့ကိုငါ မယုံနိုင်ဘူး ဒီလို ဒုက္ခိတ ဖြစ်ရလိမ့်မယ်လို့။"

ဆူးခက်...ကလျာနှင့် စကားပြောနေရင်း...မြကျေးကိုမြင်သွားတော့...

မြကျေးကိုကြည့်ပြီး...

"nurse ထင်တယ်။ကလျာ့ကို မနက်စာကျွေးမလို့လား ပေး...ဆူးခက် ကျွေးလိုက်မယ်"
ဟုဆိုကာ မြကျေး လက်ထဲက ပန်းကန်များကို ယူလိုက်သည်။

ပြီးမှ ကလျာ့ကို ကျွေးဖို့ပြင်ဆင်ပြီး မြကျေးဘက်လှည့်ကာ...

"ဟို...သူနဲ့တို့ရဲ့...privacy လေးပြောစရာရှိလို့ အပြင်ထွက်ပေးလို့ရမလား"

ထိုအခါ မြကျေးက...

"ရပါတယ်၊မမ မြကျေးမမကို ခွင့်တောင်းထားသလိုပဲ မမကိုပြုစုပေးမယ့်သူရောက်ပြီဆိုတော့....မြကျေးအိမ်ခဏ ပြန်လိုက်ပါဦးမယ်"

"အင်း... မြန်မြန် ပြန်လာနော်"

မြကျေး ဘာမှပြန်မပြောတော့ပဲ ထွက်လာခဲ့သည်။

ဆူးခက်က ထွက်သွားသော မြကျေးကို ကြည့်ပြီး ကလျာဘက်လှည့်ကာ....

🥀မြကျေးငယ်🥀Where stories live. Discover now