🥀မြကျေးငယ်🥀
Part(5)ဒီနေ့ ကလျာ မျက်စိခွဲစိတ်ရတော့မည်။
"ကလျာ...နင်မကြာခင် လောကကြီးကို ပြန်မြင်ရတော့မှာ ဟ"
"ဟို...မြကျေးကော..."
"မြကျေး သူ့အိမ်ကို ခနပြန်သွားတယ်"
"ငါ မျက်လုံးပြန်မြင်လာရင်...မြကျေးကို အရင်ဆုံးတွေ့ချင်တယ်"
ကလျာ့ စကားကြောင့်...ဆူးခက် မျက်နှာလေးပျက်သွားသည်။
"sry ပဲ ကလျာ...နင်သူ့ကို မြင်ခွင့်ရမှာမဟုတ်ဘူး...ငါ သူ့ကို နင့်ရဲ့ အဝေးကို ပို့ပေးမှာမို့လို့ပဲ.....
နင်ငါ့အချစ်တွေကိုပဲ မြင်ပေးပါ....."
ဆူးခက်စိတ်ထဲမှပြောနေမိသည်။
💔💔💔"ဘာပြောတယ် သမီး...သမီးကအလုပ်ဝင်တာမှ မကြာသေးတာဘာလို့ ပြောင်းရွေ့ခွင့်ကျတာလဲ။"
"သြော် ဒေါ်လေးရယ်...တာဝန်အရပဲလေ။"
"ဟာ..အဲ့ဒါဆို မမ ကျွန်တော့ဆီမလာနိုင်တော့ဘူးပေါ့။"
"ဟာ...နေရောင်ကလဲ တစ်လ တစ်ခါတော့လာမှာပေါ့။နင်သာ ကျန်းမာရေး ဂရုစိုက်...ငါနင့်ကို ဒေါက်တာ အသစ်တစ်ယောက်နဲ့ တွေ့ပေးမယ်။သူက နင့်အတွက် ဆေးတွေကော သွေးသွင်းဖို့ ကိစ္စပါ တာဝန်ယူ ကုပေးလိမ့်မယ်။"
"ဘယ်သူလဲ...ကျွန်တော်ကုနေကျ ဒေါက်တာကရော။"
"သူက ဒေါက်တာ သီဟရဲ့ တပည့်တဲ့...နင်ဘာမှ မပူနဲ့နော်။ကျန်းမာအောင်နေ...ကိုယ့်ကိုယ်ကို ဂရုစိုက်။"
"သမီးရယ်...နေရောင့်ကိုစိတ်မပူပါနဲ့...ဒေါ်လေးတစ်ယောက်လုံးရှိတယ်။သမီးလေးသာ ဂရုစိုက်၊ဖုန်းလဲ မကြာမကြာ ဆက်နော်။"
"ဟုတ်ကဲ့ပါ၊နေရောင် မနက်ဖြန် ငါ သွားရင် နင့်ကို ကုပေးမယ့် ဒေါက်တာ နွယ်ဆူးခက် လာလိမ့်မယ်။"
"အင်းပါ..."
"ငါစိတ်ချမယ်နော်...ငါပြန်လာရင်...နင်နေကောင်းနေတာပဲမြင်ချင်တယ်။"
"ဟုတ်ကဲ့ပါ..."
"လိမ္မာတယ်..."
မြကျေး...နေရောင့်ခေါင်းလေးကို ပုတ်လိုက်သည်။
သူမ မျက်နှာလေးကပြုံးနေပေမယ့်....ရင်ထဲမှာ ငိုနေတာ ဘယ်သူသိမှာလဲ.....။
YOU ARE READING
🥀မြကျေးငယ်🥀
General Fictionဒေါက်တာနဲ့သူနာပြု ဇာတ်လမ်းလေးပါ။ -Completed -(Uni&Zawgyi)