🥀 မြကျေးငယ် 🥀
Part(2)"ဘာ မမ ဘာပြောတယ် ဟွန့်..."
"အဟင်း...ဟုတ်တယ်လေ။"
"ဒီမှာ...မမက လူနာ၊မြကျေးက သူနာပြုလေ။မြကျေးရဲ့ လူနာကိုတော့...မြကျေးပြုစုရမှာပေါ့...အွန့် ဟ..."
မြကျေး ကလျာကို ခွံ့ကျွေး လိုက်သည်။ ကလျာလဲ သူမ ကျွေးသည်ကို ထိုင်စားရင်း မေမေ့ကိုပင် သတိရမိသည်။
မြကျေး ကလျာကို ထမင်းကျွေးပြီးတော့....
"နာရီဝက်လောက်နေရင် မမကို အားဆေးချိတ်ပေးမယ်နော်"
"အင်း..."
"ဒါဆို ခန လှဲနေဉီးနော်။မြကျေး ဖုန်းသွားပြောလိုက်ဉီးမယ်။"
မြကျေး...ဖုန်းလေး ယူပြီး ထွက်လာခဲ့သည်။
ကလျာကတော့ ကုတင်ပေါ်မှာ လှဲလျက်သာ...မြကျေးထွက်သွားတော့ သူမကမ္ဘာက တိတ်ဆိတ်ခြင်းအတိနှင့်မှောင်မိုက်လျက်နေသည်။ဘာလို့များ သူမထံသို့ ဒီလိုကံကြမ္မာ ဆိုးကြီးရောက် လာရတာပါလိမ့်....
မြကျေး အခန်း အပြင်ဘက်ထွက်ခဲ့ပြီး ဒေါ်လေး ဆီသို့ ဖုန်းခေါ်လိုက်သည်။
"ဟယ်လို ဒေါ်လေးလား"
"အေး သမီး..."
"ဒေါ်လေး... မြကျေး ဒီနေ့ အိမ်ပြန်မလာတော့ဘူးနော်။"
"ဟင်... သမီး ဒီနေ့က သမီးရဲ့ night dutyလဲ မဟုတ်ပဲနဲ့။"
"ဟိုလေ...ဒေါ်လေး မြကျေးလေ..ဆေးရုံမှာ လူနာ တစ်ယောက်ကို ပြုစုဖို့ တာဝန်ကျလို့ home care ပုံစံမျိုး ဒေါ်လေးရဲ့။ဒါပေမယ့် စိတ်မပူနဲ့နော်...ဆေးရုံမှာဆိုတော့ အားလုံး လုံခြုံတယ်။ဒေါ်လေးသာ မောင်လေးကို ဂရုစိုက်လိုက်နော်။"
"အေးပါကွယ်...သမီးမောင်လေးအတွက် ဘာမှမပူနဲ့ ဒေါ်လေး တစ်ယောက်လုံးရှိတယ်။သမီးသာကိုယ့်ကိုယ်ကို ဂရုစိုက်...homecare ပုံစံမို့ သမီးအိမ်ပြန်မလာနိုင်ဘူးဆိုတောင် တစ်ပတ်တစ်ခါလောက်တော့ ပြန်လာပေါ့...သမီးမောင်လေးက သမီးကို မျှော်နေမှာလေ။"
"ဟုတ်ကဲ့ ဒေါ်လေး...ဒါဆို သမီး ဖုန်းချလိုက်ပြီနော်။"
"အေးအေး သမီး..."
YOU ARE READING
🥀မြကျေးငယ်🥀
General Fictionဒေါက်တာနဲ့သူနာပြု ဇာတ်လမ်းလေးပါ။ -Completed -(Uni&Zawgyi)