🥀မြကျေးငယ်🥀
Part(6)ကလျာ...ကားလေးနှင့် ဆူးခက်ကို သွားကြိုလိုက်သည်။
ဆူးခက် တိုက်ခန်းပေါ်က ဆင်းလာပြီး....
"ကလျာ... နင်ဘယ်လိုဖြစ်သွားတာလဲ နင်ပြောတော့..."
"ငါ စိတ်ပြောင်းသွားလို့ဟာ...လာ တက် မြန်မြန် သွားရအောင်"
ဆူးခက်... ကလျာဘေးတွင်ဝင်ထိုင်လိုက်သည်။
ကလျာကတော့ ကားလေးကိုအရှိန်တင်ပြီး မောင်းနှင်လိုက်သည်။
ဆူးခက်ကတော့ ကလျာကို ကြည့်ကာ....
"ချက်ချင်းကြီး ဘာလို့ စိတ်ပြောင်းသွားတာလဲ။ဟင့်အင်း...သူ မသိလောက်ပါဘူး။ဒီတိုင်း ကျော်စွာနဲ့ တွေ့ချင်လို့ နေမှာပါ။"
ကားလေးကတော့ အရှိန်ပြင်းစွာ မောင်းနှင်နေသည်မှာ အချစ်ရှိရာသို့.....
မြကျေး ဒီနေ့ night dutyမို့ သူမ အခန်းဖော်အမတွေ ပြန်သွားသော်လည်း သူမကျန်နေခဲ့သည်။
ညနေမို့ သူမတာဝန်ယူထားသည့် လူနာကို ကြည့်ရန် ထွက်လာစဥ်...
"ဒေစီရေ....အရှေ့က ဒေါက်တာ့ ဆေးဆိုင်မှာ ဆေးသွားယူပေးပါဦး။ကောင်တာမှာ ဆေးကုန်နေလို့။"
"ဟုတ် ဒေစီ...သွားယူပေးမယ်နော်။"
မြကျေး... ဆေးဆိုင်သို့ အရင် ထွက်လာခဲ့သည်။
ကလျာ... မနက်ကတည်းက မောင်းနှင် လာသောကြောင့် ညနေတွင် ကလောသို့ ရောက်လာခဲ့သည်။
"ဟဲ့ဆူးခက်...ရှေ့ကဆေးဆိုင်က ကျော်စွာ့ ဆေးဆိုင်မဟုတ်လား"
"အင်း... ထင်တာပဲ"
"ဒါဆို ငါဆင်းပြီး မေးကြည့်လိုက်မယ်"
"အင်း...အဲ့မှာ မတွေ့ရင်တော့ ကျော်စွာ့အိမ်ပဲ သွားရအောင်။ဆေးရုံထဲ မဝင်နဲ့တော့ ငါခေါင်းကိုက်နေလို့။"
"အင်း အင်း..."
ဟုဆိုကာ...ကလျာ ကားပေါ်မှ ဆင်း၍ ဆေးဆိုင်သို့ လာခဲ့သည်။
မြကျေး ဆေးယူပြီး...ဆေးဆိုင်မှ အထွက်...
"ဘုတ်..."
လူတစ်ယောက်နှင့် ဝင်တိုက်မိကာ သူမဆေးထုတ်လေး ပြုတ်ကျသွားသည်။
YOU ARE READING
🥀မြကျေးငယ်🥀
General Fictionဒေါက်တာနဲ့သူနာပြု ဇာတ်လမ်းလေးပါ။ -Completed -(Uni&Zawgyi)