Chapter - 4

896 129 13
                                    

Unicode » » »

ချယ်ယောင်းတို့ဆိုင်ရဲ့အပြင်ဘက်ဝိုင်းလေးမှာထိုင်ရင်း နိုင်ငံခြားမှာ ကျောင်းတတ်ခဲ့တုန်းက ခင်ခဲ့သည့် သူငယ်ချင်းနဲ့ လီဆာ‌စကားပြောနေရသည်ကို စိတ်လုံးဝမဝင်စားချေ။ မျက်နှာချင်းဆိုင်က ဒေစီကိုသာ ငေးလျက်ရှိသည်။

ဒေစီရဲ့လက်တွေနဲ့ တယုတယထိတွေ့ခြင်းခံနေရတဲ့ ပန်းတွေကိုလေ ဒီကနေကြည့်နေရင်းတောင် မနာလိုဖြစ်လာရသည်။ ပန်းစည်းနေသည့် ခပ်သေးသေး လက်ဖဝါးလေးရဲ့ နူးညံ့မှုကို ခံစားချင်သည်။ ပန်းရနံ့လေးတွေကပ်ငြ်ိနေမယ့် လက်ဖမိုးလေးကို အမြတ်တနိုးနမ်းရှိုက်ချင်သည်။ လိုအင်ဆန္ဒတွေ များပြားနေလိုက်ပုံများ ...

" အခု ငါက ဂျပန်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌတစ်ယောက်ဖြစ်သွားပြီ ... ငါ့အဖေကလည်း ဂျပန်ဗိုလ်မှူးကြီးဆိုတော့ ဒီဆိုးလ်မှာ ငါတို့မိသားစုထက်အာဏာကြီးတဲ့သူရှိမယ်မထင်ဘူး "

" အဲတော့ လူတွေအပေါ် ရက်စက်မလို့လား "

လီဆာ ဒေစီကိုငေးရင်းသာပြောလိုက်သည်။

" ရက်စက်သင့်ရင်‌တော့ ရက်စက်ရမှာပဲလေ ... ဒီလိုအချိန်မျိုးမှာ ကောင်းကောင်းမွန်မွန်ရှင်သန်နိုင်ဖို့ ကိုယ့်ကိုကိုကာကွယ်နိုင်ဖို့ ရက်စက်သင့်တဲ့အခါ ရက်စက်ရမှာပေါ့ "

ကိုယ့်ကိုကိုကာကွယ်နိုင်ဖို့ ရက်စက်သင့်တဲ့အခါရက်စက်ရမယ်တဲ့ ... လီဆာကတော့ ဒေစီကိုပဲကာကွယ်ပေးမှာ ကိုယ့်ကိုကိုထက်ပိုပြီးတော့လေ ... ဒါဟာ ကိုယ့်ကိုကိုကာကွယ်ပေးခြင်းဆိုလည်း မှန်သည်ပေါ့ ... ဒေစီရှိမှ လီဆာ ရှင်သန်နိုင်မှာ ..

" ရောက်ကတည်းက နင့်အကြည့်တွေက အဲမှာချည်းပဲ .. ဘာလို့အဲလောက်ထိကြည့်နေတာလဲ "

" ဒေစီက မြတ်နိုးချင်စရာကောင်းလို့ "

လီဆာ ကြည့်နေသည့် ဆိုင်လေးကို ထိုကောင်မလေးက ခေတ္တနောက်ပြန်ကြည့်ရင်း လီဆာထံပြန်လှည့်လာသည်။

" နင်သိပ်ကြိုက်တဲ့ပန်းက နေကြာမဟုတ်ဘူးလား "

" နေကြာကို သဘောကျတာနဲ့ ဒေစီကို မမြတ်နိုးရတော့ဘူးလား ယူခီ "

LOVE is like POISON Where stories live. Discover now