Chapter - 11

808 139 27
                                    

Unicode » » »

လမ်းမပေါ်တွေပေါ်မှာ သက်ရှိရယ်လို့ ဘယ်လိုအရာမျိုးကိုမှ မမြင်ရတဲ့ ဒီအချိန်၊ အိမ်တော်ထဲကလူသားတိုင်း အိပ်မောကျပြီး တိတ်ဆိတ်နေတဲ့ အချိန်၊ လီဆာကတော့ စာကြည့်စားပွဲပေါ်မှာ ထိုင်ရင်း ဝါဖန့်ဖန့်မီးရောင်လေးအောက်မှာ စာအုပ်တစ်အုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်ရင်း အိပ်စက်ဖို့ကို မေ့လျက်ရှိသည်။ စာဖတ်နေရုံမျှ မဟုတ်သေးပဲ ဖောင်တိန်တစ်ချောင်းကိုင်ကာ တချို့စာသားလေးတွေကိုလည်း မျဉ်းသားရင်း မသိမသာရော သိသိသာသာပါ ပြုံးလျက် အရူးကြီးရူးလို့နေသည်။ အကြောင်းအရင်းကတော့ ကျိန်းသေပေါက်ဒေစီကြောင့် .. ဒေစီတစ်ယောက်တည်းကြောင့် ..

" ချစ်မိနေပြီလို့သိလိုက်ရတဲ့အချိန်မှာ ငါ့ခန္ဓာကိုယ်ရဲ့ အသေးငယ်ဆုံးသော ဆဲလ်‌တွေအထိ အချစ်ဆိပ်က နေရာယူနှင့်ပြီးသွားပြီ ... ဆက်ချစ်နေရုံကလွဲရင် ငါဘာများ တတ်နိုင်မှာလဲ .. နာကျင်ရရင် ဆက်ချစ်နေဖို့ကလွဲရင် ဒီအချစ်ဆိပ်ကို ချေဖျက်နိုင်ဖို့ ငါဘာများတတ်နိုင်ဦးမှာလဲ "

မျဉ်းသားထားတဲ့ စာသားလေးကို နှုတ်ဖျားက ခပ်တိုးတိုးရေရွတ်ရင်း ပြတင်းပေါက်ကိုငေးတော့ နေရောင်တောင် အတော်အသင့်ထွက်ပြူနေပြီ ..

" ဒေစီ "

စာသားလေးနဲ့ အနည်းငယ်ခြားပြီး နာမ်စားလေးကို ရေရွတ်လိုက်တော့ ကျင်တတ်သွားတဲ့ နှလုံးသားကြောင့် လေးကန်စွာပဲ ပြုံးလိုက်မိသေးတယ် ..

" အဲသလောက်အထိတောင်ပဲလား လီဆာရယ် "

အသက်မကချစ်မိနေမှန်းလည်းသိတယ်။ အရာအားလုံးနဲ့ပေးဆပ်ရမယ်ဆိုရင်တောင် မနှမြောနိုင်အောင် ပေးဆပ်ပြီးချစ်တယ်ဆိုတာကိုလည်း သိတယ်။ အဲသလိုလိုအကြိမ်ကြိမ်သိနေပါရက်တောင် တစ်နေ့ထက်တစ်နေ့ ကိုယ့်ကိုကို အံ့ဩမိလောက်တဲ့အထိ ပိုပိုချစ်မိလာနေတာတော့ လွန်လွန်းတယ် မထင်မိဘူးလား .

ထိုင်ရာမှထကာ စာအုပ်‌ကလေးကို လီဆာ ပိတ်လိုက်သည်။ နည်းနည်းလေးတောင် အိပ်မထားလို့ မလန်းမဆန်းဖြစ်နေတဲ့ စိတ်၊ခန္ဓာနဲ့ ဦးနှောက်ကို ရေချိုးခန်းထဲဝင်ကာ ရေစက်တွေကြားမှာဖြေဖျောက်ပစ်လိုက်သည်။ အဆင်ပြေမယ့်၊ ဒီဆောင်းရဲ့ အအေးဒဏ်ကို ခံနိုင်လောက်အောင် အနွေးဓါတ်ပေးမယ့် အဝတ်အစားတွေကို ဝတ်ဆင်ကာ စာအုပ်လေးကို လက်ကကိုင်ပြီး ဒေစီထံကိုထွက်လာခဲ့သည်။

LOVE is like POISON Where stories live. Discover now