Chapter - 10

883 137 22
                                    

Unicode » » »

ညကအတော်ညဉ့်နက်နေပြီ
ဆောင်းလေကလည်း ခိုက်ခိုက်တုန်လောက်အောင် အေးစက်နေပြီ
နေကြာတစ်ပွင့်ကတော့ ဒေစီကို မျက်နှာမူနေတုန်းပဲ .. ပြတင်းပေါက်နားမှာ ထိုင်နေရင်း မျက်နှာချင်းဆိုင်က ဒေစီအိပ်ခန်းဆီကို ဝီစကီတစ်ခွက်ကိုသောက်ရင်းငေးနေမိတာ အချိန်ဘယ်လောက်တွေ ကြာနေပြီလဲမသိတော့ဘူး ..

နီးနီးကပ်ကပ်ကို တိုးသွားခွင့်မရှိတော့ မြင်နိုင်လောက်တဲ့ ခပ်လှမ်းလှမ်းကနေပဲ ငေးနေရတာ နာကျင်ရင်းပဲ ကျေနပ်နေရတာမျိုးပေါ့ ... လိုက်ကာအဖြူရောင်လေးပေါ်မှာ ထင်ဟပ်နေတဲ့ စာဖတ်နေတဲ့ ဒေစီရဲ့ အရိပ်ကလေးက မြတ်နိုးချင်စရာ .. အဆိပ်မိပြီးသားနှလုံးသားကို ထပ်ပြီးတော့ အဆိပ်ကျွေးနေသလိုမျိုး မျက်လုံးတွေကနေတစ်ဆင့် အဲ့အရိပ်လေးကို လီဆာငေးနေမိတာ ..

" လီဆာ .. နင်ဒီအတိုင်းဆက်ထိုင်နေရင် အအေးမိပြီး တစ်ခုခုဖြစ်တော့မယ် "

" မီးလင်းဖိုလည်းရှိတယ် .. ဝီစကီလည်းရှိတယ် .. ငါဘာမှမဖြစ်ဘူး စိတ်မပူနဲ့ .. ညဉ့်နက်နေပြီ ဆိုင်ပိတ်ပြီးရင်လည်း အိပ်တော့လေ "

လီဆာထိုင်နေတဲ့ ခုံ‌ရဲ့ ဘေးမှာ ရပ်ရင်း စိတ်ပူစွာပြောလာတဲ့ ချယ်ယောင်းရဲ့စကားကို ဝီစကီခွက်ကို ကိုင်မြှောက်ကာ လှုပ်ခက်ပြရင်းပဲ လီဆာပြောလိုက်သည်။

အအေးမိမှာ အတွက်ဆိုရင် စိတ်ပူစရာမလိုဘူး .. ခန္ဓာကိုယ်ကို အနွေးဓါတ်ပေးမယ့် မီးလင်းဖိုကလည်း အနားမှာ မီခဲရဲရဲတွေနဲ့အတူရှိနေတယ် .. တစ်ကိုယ်လုံးကို ပူရှိုန်းသွားစေမယ့် ဝီစကီကလည်း ရှိနေတယ် .. အားလုံးထက် နှလုံးသားလေးကို နွေးထွေးစေမယ့် ဒေစီကိုလည်း ငေးနေရတယ်လေ .. ဒီဆောင်းလေက ဘာဟုတ်တော့မှာလဲ ...

" ငါနင့်ကို ဆက်မထားချင်လို့ ပြောတာမဟုတ်ဘူးနော် .. နင့်အစ်ကိုကစိတ်ပူနေလောက်ပြီး နင်အိမ်မပြန်တာ ကြာပြီလေ "

" ငါ့စိတ်နဲ့ငါ့ကိုယ်သာဆို ဒေစီရှိတဲ့နေရာကနေ တစ်ဖွားမှ မခွာချင်ဘူး "

" အဆိပ်ဖြေဆေးမရှိတော့ဘူးပဲ "

" နင်ကအခုမှသိတာ ငါကအစကတည်းက သိထားပြီးသား .. အဆိပ်ကို အဆိပ်နဲ့ပြန်ကုရသလိုမျိုးလေ .. ငါကလည်း ‌ဒေစီကို ချစ်ပြီးရင်း ထပ်ချစ်သွားဖို့ပဲရှိတယ် .. အချိန်တန်ရင် ငါနာကျင်မှုကို ခံနိုင်ရည်ရှိသွားမှာပါ "

LOVE is like POISON Where stories live. Discover now