Chapter - 1

2.2K 166 19
                                    

Unicode » » »

1940 ဆိုးလ်မြို့

" ဟေး မင်းဘယ်လိုလိုက်တာလဲ ... ဒီမှာ မမလေးရဲ့ ဖိနပ်ကိုရေတွေစိုကုန်ပြီ ... "

" တောင်းပန်ပါတယ် ... ကျွန်မသတိမထားမိလိုက်လို့ပါ တောင်းပန်ပါတယ် "

လမ်းမတစ်ခုလုံးက အေးဆေးတိတ်ဆိတ်နေကြသည်မှာ အခုရန်တွေ့သံနဲ့တောင်းပန်သံတွေကြောင့်ဆူညံလို့သွားရသည်။ လူငယ်လေးက သူ့အလုပ်ရှင် ဖိနပ်ကိုရေဆိုအောင်လမ်းမ‌ပေါ်ရေပတ်မိသည့် ပန်းဆိုင်မှ မိန်းကလေးကို ရန်တွေ့နေသလို မိန်းကလေးက‌လည်း တောင်းပန်ပါတယ် ဆိုသည့်စကားကိုသာ ထပ်တလဲလဲဆိုနေသည်။

ရန်တွေ့နေသူလူငယ်လေး၏ အလုပ်ရှင်မိန်းကလေးကတော့ အေးတိအေးစက်ဖြင့် ဘာတစ်ခွန်းမှဝင်မပြောပဲ ရေဖြင့်ပတ်လိုက်သည့် မိန်းကလေးကိုသာ ကြည့်နေသည်။ အရပ်ခပ်မြင့်မြင့်ဖြင့် သိပ်လှသည့်ထိုမိန်းကလေးသည် ဘောင်ဘီအရှည်ကို လည်သာဖိနပ်ထဲထည့်ဝတ်ထားကာ အပေါ်မှ long coat အမည်းရောင်အရှည်ကို လိုက်ဖတ်စွာ ဝတ်ဆင်ထားသည်။ ရှပ်အင်္ကျီအဖြူအစင်း‌ပေါ်တွင် ဝစ်စကုတ်ထပ်ဝတ်ကာ နက်််စ်ကတိုင်ကိုလည်ည်းသေသပ်စွာဝတ်ဆင်ထားသည်ကို ကြည့်ခြင်းအားဖြင့် လူချမ်းသာအသိုင်းအဝိုင်းကဆိုတာသိနိုင်သည်။

နဖူးတွင်ဆံပင်လေးများကိုအစီအရီချထားပြီး ပခုံအပေါ်လောက်သာရှိသည့် ဆံပင်အတိုဖြင့် သိပ်လှသည့် ထိုမိန်းကလေးမျက်နှာကိုသိပ်ကိုလိုက်ဖက်လွန်းလှသည်။ မြင်ရသူတိုင်းလည်ပြန်ငေးကြည့်ချင်စရာ ခပ်မိုက်မိုက်ပုံစံဖြင့် တည်တံ့သောမျက်နှာမှာ ပနံသင့်စွာ ရှိနေသည်။

" ဟာရု ... ငါအဆင်ပြေတယ် အဲဒါကြောင့် ဆက်ပြီး ရန်ဖြစ်မနေနဲ့တော့ ... သွားရအောင် "

ထိုမိန်းကလေးမှာ သူ့၏တပည့်ဖြစ်သူလူငယ်လေးအား တားလိုက်ရင်း တဖက်လမ်းရှိစားသောက်ဆိုင်သို့ ဦးတည်သွားနေသည်။ ဆိုင်ရဲ့ အတွင်းကျကျ ဝိုင်းတစ်ခုမှ ထိုင်လိုက်ရင်း မျက်နှာချင်းဆိုင်က ပန်းဆိုင်ကို တိုက်ရိုက်မြင်ရသည့်နေရာတွင် ထိုင်ကာ ‌စီးကရက်ကိုဖွာလျက်ရှိသည်။

LOVE is like POISON Where stories live. Discover now