Chapter - 8

733 110 17
                                    

Unicode » » »

ဘုရားကျောင်းရဲ့ ခေါင်းလောင်းသံက လီဆာနားထဲသို့ သာသာယာယာတိုးတင်နေသည်။ ဘေးမှာ ရှိနေတဲ့ ဒေစီရဲ့ အာမင်ဆိုတဲ့ ခပ်တိုးတိုးအသံလေးလောက်တော့မဟုတ်ပေမယ့်ပေါ့ ..

ဘေးမှာ လက်အုပ်ချီကာ ဆုတောင်းနေတဲ့ ဒေစီကို ငေးနေမိတာ ဘုရားသခင်ထံမှာ ဆုတောင်းဖို့တောင် မေ့ရသည်အထိလေ။ ကိုယ်တိုင်လည်းလက်အုပ်ချီထားပေမယ့် ဇာသဘက်လေးတင်ထားတဲ့ ဒေစီကို ငေးရတာက ဆုတောင်းတွေ ပြည့်ဝတာထက်ကို ပိုပြီးသဘောကျချင်စရာကောင်းတာနေတာမျိုးပေါ့။ ‌

ဒေစီက ဘုရားသခင်ထံမှာ ဆုတောင်း
နေကြာကတော့ ဘုရားသခင်ထံမှာ ဆု‌တောင်းနေတဲ့ ဒေစီကိုပဲငေးမယ်။
ဒီဘဝရဲ့ ဆုတောင်းလေးက ဒေစီဖြစ်နေတာမို့ ဒီလိုလေးမြင်နေရရင် တခြားဘယ်လိုဆုတောင်းမှထပ်မလိုတော့ဘူးလေ ...

ဘေးတိုက်မြင်နေရဲ့ နှာတံစင်းစင်းလေးတွေ၊ ကော့ဆင်းနေတဲ့ မျက်တောင်လေးတွေ၊ နီထွေးနေတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေ .. အားလုံးကို ကိုယ့်တစ်ယောက်တည်း အပိုင်အဖြစ် လောဘတတ်ချင်စရာချည်းပဲ။ မှိတ်ထားတဲ့ မျက်လွှာကြောင့် မျက်ဝန်းတွေကို မမြင်ရသည်ကတော့ နှမြောစရာကောင်းတာပေါ့။ ငေးလေငေးလေ အကြည့်အလွှဲချင်တော့ဘူး ဒေစီရယ်။ သိပ်ကိုလှတာပဲ ..

ဒေစီမျက်ဝန်းတွေ ဖြည်းဖြည်းချင်း ပွင့်လာတော့ အလျင်အမြန်အကြည့်လွှဲပြီး ဘုရားသခင်ထံမှာ ဆုတောင်းသလို မျိုး ဟန်ဆောင်လိုက်ရသေးတယ် ..

" လီက ဘုရားကျောင်းကို ခဏခဏလာတတ်တာလား "

" ဟင့်အင်း .. ဘုရားကျောင်းတတ်ရတာလည်းသဘောမကျသလို ဆုတောင်းရတာလဲသဘောမကျဘူး "

" ဟိုတစ်ခါက ဒီဘုရားကျောင်းမှပဲ တစ်ခါဆုံကြသေးတယ်လေ .. အဲတုန်းကရော ဘာလာလုပ်တာလဲ "

" တစ်စုံတစ်ယောက်ကို ကာကွယ်ပေးနိုင်ဖို့ ဘုရားသခင်ထံမှာ နားပူနားဆာလာလုပ်တာ .. ကိုယ့်ကိုကို မကာကွယ်နိုင်ရင်တောင် သူ့ကိုကာကွယ်ပေးချင်လို့ "

ဒေစီခေါင်းအသာညိမ့်သည်။ ထို့နောက် ခေါင်းပေါ်က ဇာသဘက်လေးကို ခေါက်ကာ ပိုက်ဆံအိတ်ထဲသို့ထည့်လိုက်သည်။ ထို့နောက် ဘုရားကျောင်းထဲမှ လီဆာနဲ့ ဘေးချင်းယှဉ်လျှောက်လာသည်။

LOVE is like POISON Where stories live. Discover now