Unicode » » »
' ဒေါက် ဒေါက် '
" ဘယ်သူလဲ "
" မှာထားတဲ့စားစရာတွေလာပို့တာပါ ဗိုလ်မှူး "
မိန်းကလေးတစ်ယောက်ရဲ့ အသံကိုကြားသည်နှင့် ဂျပန်စစ်ယူနီဖောင်းဝတ်ထားသည့် အမျိုးသားတစ်ဦးက အခန်းတံခါးကိုဖွင့်ပေးလိုက်သည်။ ထိုမိန်းကလေးရဲ့ပြောစကားအရဆို ထိုအမျိုးသားက ဂျပန်စစ်တပ်ရဲ့ဗိုလ်မှူးတစ်ဦးဖြစ်ဟန်တူသည်။
" ဟိုတယ်ကအမျိုးသမီးဝန်ထမ်းတွေကလည်း တော်တော်လှတာပဲ "
လင်ဗန်းကိုင်ထားသည့် မိန်းကလေးက ဗိုလ်မှူးကို ပြုံးရုံသာပြုံးပြလိုက်သည်။ ယောက်ျားတွေရဲ့ စိတ်ကို သိပ်ကိုဆွဲဆောင်နိုင်လွန်းတဲ့ အရိုင်းဆန်ပြီး သိပ်ကိုလှတဲ့ အပြုံးမျိုးနဲ့ပေါ့ ..
ထိုအပြုံးရဲ့ ဆွဲဆောင်မှုအောက်မှာ ကျရှုံးသွားတဲ့ ဗိုလ်မှူးက အခန်းတံခါးကို သေချာပိတ်နေသည်။ ထိုမိန်းကလေးက ဗိုက်မှူးရဲ့ ပါးစပ်နှင့်နှုတ်ခမ်းကို အနောက်မှလက်အိတ်စွပ်ထားသော လက်ဖြင့် သေချာစွာ ပိတ်အုပ်ရင်း ဝမ်းဗိုက်သို့ လေးချက်ဆင့်၍ဓားဖြင့်ထိုးလိုက်သည်။
မျက်ထောင့်နီရဲရဲဖြင့်ကြည့်လာသည့် ဗိုက်မှူးကို မဲ့ပြုံးတစ်ခုကိုပြုံးပြလိုက်ရင်း အပြင်ကအသံမကြားစေရန် ကြမ်းပြင်ပေါ်အသာလှဲချလိုက်ကာ ရင်ဘက်တည့်တည့်ကို နောက်ဆုံးတစ်ချက်ဓားဖြင့်ထိုးလိုက်သည်။
" နောင်ဘဝကျမှ ဆက်ပြီးနှာဗူးထလိုက်ပါဦး ဖက်ဆစ်ဂျပန်ကောင် ... "
သွေးပေနေသည့် လက်အိတ်ဖြင့် နံရံပေါ်မှာ စာတစ်ကြောင်းရေး၍ လက်အိတ်ကိုပါးစပ်ဖြင့် ကိုက်၍ ချွတ်လိုက်ကာ အလောင်းအပေါ်သို့ပစ်တင်လိုက်သည်။ သွေးနီနီတွေစွန်းထင်းနေသည့် အပေါ်ရုံကိုပါ ချွတ်ပစ်လိုက်ကာ အခန်းတံခါးကိုဖွင့်၍ ဟိုတယ်မှအမြန်ဆုံးထွက်လာခဲ့သည်။ မနက်ဖန်လောက်ဆို သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ ဒီသတင်းကနေရာယူလောက်ရောပေါ့ ...
*_*_*_*_*_*
ပုံမှန်နဲ့မတူအောင် ပုလိပ်တွေ၊ ဂျပန်စစ်သားတွေ ခြေရှုပ်နေကြသည့် ဆိုးလ်မြို့ထဲတွင် လီဆာကတော့ တည်ငြိမ်စွာပဲလမ်းလျှောက်နေသည်။ လီဆာ ဘေးမှာ အမြဲလိုက်ပါနေကျ ဟာရုဟာလည်း အေးဆေးတည်ငြိမ်နေသည်။ တည်ငြိမ်နေသည့် လီဆာ စိတ်နှလုံးဟာ ဒီနေ့ဒေစီဟာဘယ်လိုပုံစံရှိနေမလဲတွေးမိရင်း မတည်မငြိမ်ဖြစ်လာရသည်။ နှုတ်ခမ်းသားတွေဟာလည်း အလိုလိုပြုံးလို့ ခြေလှမ်းတွေဟာလည်း ပိုမို့ပေါ့ပါးလာရသည်။
YOU ARE READING
LOVE is like POISON