Chapter - 5

857 140 22
                                    

Unicode » » »

တဖွဲဖွဲကျနေတဲ့ နှင်းစက်တွေနဲ့ အေးစက်လွန်းလှတဲ့ ရာသီဥတုက ဆောင်းရာသီရောက်နေပြီဆိုတာ အသိပေးမှ ဆောင်းရာသီရဲ့ အချိန်စက်ဝန်းတစ်ခုမှာ ရှင်သန်နေပြီဆိုတာ လီဆာသတိထားမိသည်။ နေ့ရက်တိုင်းကို လီဆာက ဒေစီစိတ်နဲ့ရှင်သန်နေမိတာမလို့ ရာသီတွေဘယ်လိုပြောင်းလဲသွားသည်ဆိုတာ သတိမထားသလို ဘယ်ပန်းတွေက ဘယ်လောက်ထိ လှလှပပပွင့်လန်းခဲ့လဲဆိုတာ လီဆာ မသိနိုင်ခဲ့ဘူး ...

ပန်းတွေဘယ်လောက်လှလှပါ ဒေစီမျက်ဝန်းတွေကို မှီမယ်မထင်ဘူး ... အစွမ်းကုန်ပွင့်လန်းပေးလာကြတဲ့ ပန်းလေးတွေ လီဆာအပေါ်သိပ်ကိုစိုးမိုးနိုင်လွန်းတဲ့ ဒေစီရဲ့ မျက်ဝန်းနက်နက်တွေနဲ့သာရင်ဆိုင်လိုက်ရရင်လေ ကိုယ့်ကိုကိုအသုံးမကျဘူးလို့တောင် ထင်မှတ်သွားလောက်ရဲ့ ...

ဝတ္ထုတစ်ခုရဲ့ အဆုံးသတ်ဇာတ်သိမ်းကို ရေးပြီးသွားတဲ့အခါ တွေ့ချင်တဲ့စိတ်တွေက ထိန်းမနိုင်တော့သည်မို့ နှင်းတွေကျဆင်းနေသည့်ကြားမှ ဒေစီရဲ့ ဆိုင်လေးရှေ့မှာရပ်နေမိသည်။ ဆိုင်လေးက မီးလည်းမလင်းသလို တိတ်ဆိတ်လျက်ရှိနေသည်။ အင်းလေ ... ညကြီးအချိန်မတော် ဘယ်သူက ပန်းလာဝယ်ပါ့မလဲ ...

" လီ ... "

နောက်နားလေးဆီက ခပ်တိုးတိုးအသံလေးက လီဆာ့ နားစည်ကို ပဲ့တင်ထပ်သွားဖို့တော့ လုံလောက်ပါတယ် ... ဒေစီနဲ့တွေ့ရင်လေ မျက်ဝန်းနက်နက်တွေနဲ့ ပြုစားတတ်တဲ့ ဒေစီကလွဲရင် တခြားမမြင်တော့သလို ဒေစီအသံကလွဲလို့ ဒီနားကမကြားနိုင်တော့ဘူး ...

" ဘယ်လိုရောက်နေတာလဲ "

" ဟို ... အဲဒါက ... အေးလို့လေ ... ချယ်ယောင်းတို့ဆိုင်မှာ ခေါက်ဆွဲများစားမလားဆိုပြီးထွက်လာရင်း ... ဂျဲန်းနီကို လာတွေ့တာ "

" ကျမက အပြင်ခဏသွားနေတာ ... လီ့ သူငယ်ချင်းဆိုင်က လူရှုပ်နေတယ် ... တခြား အရမ်းအရသာရှိတဲ့ ခေါက်ဆွဲဆိုင်တစ်ခုကို ကျမသိထားတယ် အတူတူသွားစားကြမလား "

နှင်းတွေကြားထဲကနေ ထွက်လာခဲ့ရတာ သိပ်ကိုတန်လွန်းသွားပြီ...

" ကောင်းသားပဲ ... "

‌" ဒါဆို သွားကြမယ်လေ "

ခပ်ပြုံးပြုံးလေးနဲ့ ပြောလာတဲ့ ဒေစီကလေ နှင်းစက်လေးတွေကြားမှာလည်း သိပ်ကိုလှပနေလွန်းပြန်တယ် ... အနွေးအထူကြီးတွေဝတ်ထားတဲ့ ဒေစီက လူကောင်ကြီးနေသည်ဟုထင်‌ရပေမယ့် လီဆာဘေးကနေ လမ်းလျှောက်ရင်း လိုက်ပါလာတော့ ပုပြီးသေးသွားပြန်တယ် ...

LOVE is like POISON Where stories live. Discover now