Chapter - 7

797 146 25
                                    

Unicode » » »

ညနေ‌ငါးနာရီခန့်ဖြစ်ပေမယ့် ဆောင်းရာသီမလို့ထင်ပါရဲ့ နေအလင်းရောင်က အနည်းငယ်သာ ကျန်ရှိတော့သည်။ ပြည်သူတွေရဲ့ တိတ်ဆိတ်မှုနဲ့ ဂျပန်တပ်‌တွေ ရဲ‌တွေရဲ့ ဆူညံမှုတွေက ဆိုးလ်မြို့မှာ ကြီးစိုးနေသည်။ ဦးထုပ်ကို ငိုက်ကာစောင်းထားရင်း နှာခေါင်းအထိ ပုဝါကို စည်းနှောင်ကာ ရုပ်ဖြတ်ထားသည့် လီဆာက ဂျပန်တွေ မမြင်ရအောင် လမ်းကြိုလမ်းကြားကနေ ရှောင်ခွင်းလို့ ‌ဆန္ဒပြတဲ့နေရာဆီဦးတည်နေသည်။

လမ်းလျှောက်ရင်း ဆူညံသံတွေကြားရသည်မို့ နံရံနှင့်ကွယ်ကာ ဂျပန်တွေသတိမိအောင် ရုတ်ရုတ်သည်းသည်းဖြစ်နေကြသည့် ဆန္ဒပြသူတွေနဲ့ ဂျပန်‌တပ်တွေကြားမှာ ချစ်ရသူဒေစီကို ရှာရသည်က သိပ်တော့မခက်ခဲလှ ... မျက်နှာကိုဖုံးကွယ်ဖို့ ပုဝါစည်းထားပေမယ့်လို့ ဒေစီကို အမြဲငေးကြည့်နေသူ နေကြာလေးအတွက်တော့ မှတ်မိဖို့ အလွယ်လေး ..

ရိုတ်နှက်ရင်း ဖမ်းဆီးနေရုံမက သေနတ်တွေနဲ့ ပစ်ခက် သတ်ဖြတ်နေသည့် ဂျပန်တပ်သားတွေနဲ့ အတတ်နိုင်ဆုံး ပြန်လည်ခုခံနေသည့် ဆန္ဒပြသူတွေကြားကနေ ဒေစီလက်ကို အတင်းဆွဲကာခေါ်ထုတ်လာရသည်။ လမ်းကျဉ်းထဲက သစ်သားသေတ္တာတွေအကွယ်နားမှာ ဒေစီကို ခေတ္တထားခဲ့ရင်း ဂျပန်တွေပါလာမလာကို သွားစစ်ဆေးရသေးသည်။ ကိုယ်တိုင်ဘေးမကင်းရင်တောင် ဒေစီတော့ ဘေးကင်းနေမှဖြစ်မှာ ...

ဘယ်သူမှလိုက်ပါမလာတာ သေချာတော့မှ ဒူးလေးနှစ်ဖက်ထောင်က ထိုင်နေသည့် ဒေစီဆီပြန်လာရင်း မျက်နှာချင်းဆိုင်မှာ ဒူးနှစ်ဖက်ထောက်ကာထိုင်နေလိုက်သည်။ ပါးစပ်နှင့် နှာခေါင်းကိုစည်းနှောင်ထားသည့် ပုဝါတွေကို ဖယ်ရှားလိုက်သည့် ဒေစီက ‌ရွှန်းရွှန်းစားစား လီဆာကို စိုက်ကြည့်နေလိုက်တာဆိုတာ ... အဲအကြည့်တွေနဲ့ ဆုံလိုက်ရရင် အကြည့်လွှဲပစ်ဖို့က သိပ်ကို ခက်ခဲလွန်းတာ ...

" ဒါနဲ့ဆို ကျမကို ကယ်လာတာ နှစ်ခါရှိပြီနော် ... မဟုတ်သေးပါဘူး ... အခုလို မျက်စိရှေ့မှာ ရောက်လာပြီးကယ်တင်ပေးတာ နှစ်ခါရှိပြီလို့ "

အခုလိုပုံစံမျိုးနဲ့ ဆုံရတာ နှစ်ခါရှိပြီပေါ့ ... မရေတွက်နိုင်အောင် တွေ့ခဲ့ရတဲ့အခါတွေမှာတော့ အဝေးကပဲ ဒေစီကိုကာကွယ်ပေးခဲ့တာ ...

LOVE is like POISON Where stories live. Discover now