Unicode » » »
ချမ်းအေးလွန်းတဲ့ ဆောင်းနံနက်ခင်းတစ်ခု ...
အေးလွန်းတဲ့ ရာသီဥတုတွေ နှင်းစက်တွေကို အားတင်း ရင်ဆိုင်ရင်း ဆိုးလ်မြို့ရဲ့ နံနက်ခင်းလေးက အသက်ဝင်နေသည်။ လွန်ခဲ့တဲ့တစ်ပါတ်လောက်က ဂျပန်တွေရဲ့ လေလံပစ္စည်းတွေ ပျောက်ဆုံးမှုကြောင့် တင်းကြပ်တဲ့ စစ်ဆေးမှုတွေကို ကြောက်လွန်းတဲ့ ပြည်သူတွေကြောင့် အသက်မဲ့နေခဲ့ဖူးတယ် ယခုတော့ ပုံမှန်အတိုင်းသွားလာလှုပ်ရှားနေကြပြီပေါ့ ... တကယ်တော့ ဂျပန်တွေရဲ့ ပစ္စည်းဆိုတာထက် ကိုယ့်မြေက ကိုယ်တိုင်းပြည် ဂျိုဆွန်းရဲ့ အမွှေအနှစ်စ်တွေလို့ ပြောရင် ပိုမှန်မှာပေါ့ ..." ဦးလေးကြီး ဒီစာအုပ် ယူမယ် ဘယ်လောက်ကျလဲ ... "
" ₩₩₩ ဝမ်ပါ "
" ဒါနဲ့လေ ဒီစာအုပ်တိုက်နဲ့ အရင်က စာအုပ်ထုတ်ဖူးတဲ့ စာရေးဆရာ လီက စာအုပ်ထပ်မထုတ်သေးဘူးလား "
" စာရေးဆရာမဟုတ်ဘူး ... သမီးက ဒီမှာစာအုပ်လာဝယ်နေကျဖြစ်လို့ပြောပြလိုက်မယ် လီက အမျိုးသမီးတစ်ယောက်ပါ ... မိန်းမငယ်လေးလို့ပြောရင် ပိုမှန်မယ်ထင်တယ် .. "
" တကယ်လား ဦးလေးကြီး "
ပိုက်ဆံအိတ်ထဲက ပိုက်ဆံတချို့ကို ထုတ်ကာ စာအုပ်ဖိုးရှင်းပေးရင်း ဂျဲန်းနီတအံ့တဩမေးလိုက်သည်။ ယောက်ျားလေးလား မိန်းကလေးလား ကွဲကွဲပြားပြားမသိရသေးသည့်တိုင် ဂျဲန်းနီစိတ်ထဲမှာ အမျိုးသားတစ်ယောက်လို့ ထင်မှတ်ထားခဲ့မိတာ ... အခုတော့ အမျိုးသားတစ်ယောက်မဟုတ်တဲ့အပြင် မိန်းမငယ်လေးတစ်ယောက်တဲ့ ..
" မနက်ကခပ်စောစော ရောက်လာပြီး သူဌေးနဲ့ စာအုပ်ကိစ္စဆွေးနွေးဖို့ အပေါ်တတ်သွားတယ် ခဏနေလောက်ဆို ပြန်ဆင်းလာတော့မယ်ထင်တယ် "
" ဒါဆိုရင်တော့ ခဏလောက်စာအုပ်ဖတ်ရင်းဆက်စောင့်နေကြည့်လိုက်ဦးမယ် "
" သဘောပါဗျာ "
ဝယ်ထားတဲ့ စာအုပ်ကိုဖွင့်ကာ စာအုပ်စင်တစ်ခုကို ကျောမှီရင်း ဂျဲန်းနီစာအုပ်ဖတ်ရင်းစောင့်နေသည်။
ခဏလောက်ကြာတော့ ဦးလေးကြီးဆီက ဆင်းလာပြီဆိုတဲ့ အသံတိုးတိုးလေးကို ကြားလိုက်ရတာမလို့ စာအုပ်ကို ပိတ်ကာ လှေကားကိုသာကြည့်နေလိုက်သည်။
YOU ARE READING
LOVE is like POISON