Chapter - 3

983 145 19
                                        

Unicode » » »

အဝါရောင်ဖျော့ဖျော့ မီးရောင်လေးနဲ့ ပြတင်းပေါက်က ဖြာကျနေသည့် လရောင်လေး‌ကို အမှီပြုကာ လီဆာ လက်တွေဟာ စာရေးခြင်းနဲ့ အလုပ်များလျက်ရှိသည်။

ဒေစီ ဆီက ပြန်လာပြီးကတည်းက အခန်းထဲမှာပဲ စာတွေရေးနေမိတာ ပြတင်းပေါက်ကနေကြည့်မိတော့မှ ညရောက်မှန်းကိုသိရသည်။

ဒေစီအတွက် ရည်ရွယ်တဲ့စာသားအပိုင်းအစလေးတွေကို စာရွက်‌လေးတွေအစီအရီ ထည့်ရေးရင်း ဒေစီရဲ့ လီ ရယ်လို့ ခေါ်လိုက်သည့် အသံလေးများတစ်ချက်တစ်ချက်ကြားလိုက်ရရင် နှလုံးသားကလေ သိပ်ကိုခုန်ပေါက်နေတော့တာပဲ ...

စာရေးစားပွဲအနီးမှာရှိနေသည့် ဓါတ်ပြားစက်လေးကို ဖွင့်လိုက်သည်။ ငြိမ့်ငြိမ့်ညောင်းညောင်းထွက်ပေါ်လာသည့် သံစဉ်လေးက သိပ်ကိုနာဝင်ချိုလွန်းသည်။

ဒေစီရဲ့ အသံလေးကို မမှီပေမယ့်လို့ပေါ့ ...

တိမ်တွေကြားကနေ မြင်နေရသည့် လမင်းကြီးကလည်းသိပ်လှသည်။

ဒေစီရဲ့ အလှကိုမမှီပေ‌မယ့်လို့ပေါ့ ...

ကြယ်ပွင့်လေးတွေတောက်ပနေပုံကလည်း သူတို့ရှိသမျှ အစွမ်းကုန်ပါပဲ ...

ဒေစီရဲ့ မျက်ဝန်းနက်နက်တွေကိုမမှီပေမယ့်လို့ပေါ့ ....

ဝီစကီတွေကို ဖန်ခွက်ထဲကို ထည့်ကာ ပြတင်းပေါက်ဘောင်လေးကိုမှီရင်း တစ်ငုံသောက်လိုက်သည်။ ဒီမူးယစ်စေတဲ့ ဝီစကီကတောင် ဒေစီလောက်မူးယစ်စရာကောင်းမနေဘူးတွေးမိတော့ ရယ်လိုက်မိသေးသည်။ တကယ့်ကိုအချိန်ခဏလေးမှာလေ ဒေစီကို အဲသလောက်ထိကိုချစ်မိနေပြီ ...

" ဒေါက် ဒေါက် "

တံခါးခေါက်သံကြားရသည်မို့ လီဆာ ပြတင်းပေါက်ကိုမှီ‌နေရာမှ ရပ်လိုက်သည်။ ဝီစကီခွက်ကို ဘေးချလိုက်ကာ သီချင်းသံတွေကိုလည်းရပ်တန့်စေလိုက်သည်။

" ဘယ်သူလဲ "

" အစ်ကိုပါ ... "

တစ်ဦးတည်းသော အစ်ကိုဖြစ်သူ ယူအာအင် ရဲ့ အသံဖြစ်နေသည်မို့ လီဆာ တံခါးဖွင့်ပေးလိုက်သည်။

LOVE is like POISON Where stories live. Discover now