Unicode » » »
ဆိုးလ်မြို့ရဲ့အထက်တန်းလွှာလူတန်းစားတွေသာ ကျင်းပတဲ့ ပါတီပွဲကို အစ်ကိုဖြစ်သူ အာအင်နဲ့အတူ လိုက်ပါတတ်ရောက်လာရတဲ့ လီဆာအဖို့တော့ ဟန်ဆောင်အပြုံးတွေရဲ့ ရှေ့မှောက်မှာ ကိုယ်တိုင်လည်း ဟန်လုပ်ပြုံးရင်း စိတ်ကျဉ်းကျပ်လို့နေရသည်။
" လီဆာ .. အစ်ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ ခဏလောက်လိုက်ခဲ့ဦး "
အအေးခွက်တစ်ခုကိုသောက်ရင်း အသိတစ်ချို့နဲ့ စကားပြောနေသည့် လီဆာကို အာအင်က လက်ဖြင့်တို့ကာ လာခေါ်သည်မို့ လီဆာလိုက်ပါသွားသည်။
" အကြာကြီးစောင့်လိုက်ရလားမသိဘူး "
" ပြဿနာမရှိပါဘူး .. သူဌေးလေးယူရဲ့ ညီမကိုတွေ့ရမှာပဲဟာ "
အစ်ကိုဖြစ်သူနှင့်အတူစနောက်ရင်း စကားပြောရင်း ရယ်မောနေသည့် လူကိုကြည့်ရင်း လီဆာရဲ့ခြေထောက်တွေဟာ မခိုင်ချင်တော့ပေ။ နှုတ်ခမ်းသားတွေဟာလည်း တုန်ယင်လာသလို ကြောက်စိတ်တွေဟာလည်း တစ်ရိပ်ရိပ်ထိုးတတ်လာသည်။
" လီဆာ ဒါက ကိုရီးယားရဲ့ နောက်ဆုံးမျိုးဆက်တော်ဝင်မင်းသား လီဂီချန်းတဲ့ "
လီဂီချန်းကတော့ ဝိုင်ခွက်ကိုခပ်တင်းတင်းဆုပ်ကိုင်ကာ လီဆာကို စူးစူးရဲရဲစိုက်ကြည့်နေသည်။ ဒီအကြည့်တွေကို မကြောက်ပေမယ့် လီဆာဖုံးကွယ်ထားချင်သည့် အမှန်တရားတစ်ခုကို ဒေစီသိသွားမှာကိုတော့ သိကြောက်သည်။ ဒေစီအချစ်ကို ရဖို့နေနေသာသာ အမုန်းတွေပဲ .. အမုန်းတွေပဲ နာနာကျင်ကျင်လက်ခံရရှိတော့မှာ ..
" အရှင်မင်းသား .. ဒါက "
" လာလီဆာ .. ထပ်တွေ့ကြပြန်ပြီနော် "
" နှစ်ယောက်က အရင်ကတည်းက သိနေကြတာလား "
" ဟုတ်တယ် .. ဘုရားကျောင်းမှာ မမျှော်လင့်ပဲ "
လီဂီချန်းက ပေါ့ပေါ့ပါးပါးပြောနေပေမယ့် လီဆာရင်ထဲမှာတော့ ပမာဏကြီးလွန်းတဲ့ မီးတောက်ကြီးကတောက်လောင်နေသည်။ အတွေးတွေထဲမှာ ဒေစီသာမုန်းသွားရင်ဆိုတာသာ ပဲ့တင်ထပ်နေသည်။ မုန်းတာထက်ဆိုးပြီး ရွံသွားတဲ့အခါကျရင် လီဆာကမ္ဘာမှာ ပန်းတွေကင်းမဲ့ကုန်ရချည်ရဲ့ .
YOU ARE READING
LOVE is like POISON