Character Introduction

1K 22 10
                                    

Zawgyi

"Gulf Kanawut!!!"

"သေခါနီး​တောင်ေ*ာက်​သံကကျယ်​​နေတယ်​"

"မင်းကို...လုံးဝ...မ​ကျေနပ်...ဘူး"

"ဟုတ်​လား။ ခုနက 'သတ်​လိုက်​ပါ​တော့'လို့
တောင်းဆိုတာ ဘယ်​သူပါလိမ့်​"

"မင်း..."

"ရှင်းလိုက်​​တော့"

အမိန့်​သံအဆုံးတွင်​ 'အား'ဆိုတဲ့​အော်​သံနဲ့အတူ
ထိုလူလည်း​ နောက်​ဘဝသို့​ ရောက်​သွား​လေ​တော့သည်​။

"ဟားဟားဟား..."

သူ့ရဲ့ရယ်​သံ​ကြောင့်​ အခန်းထဲရှိလူ​တွေက​တော့
ဒူးပင်​မခိုင်​​တော့...။

Gulf Kanawut​...

'GKW'ရဲ့CEOတဖြစ်​လည်း
အ​မှောင်​ဘက်​ခြမ်းက ဂိုဏ်းချုပ်​တစ်​​ယောက်...
အလွန်​​သွေး​အေးရက်​စက်​တဲ့လူတစ်​​ယောက်​...
လူသတ်​အ​လောင်း​ဖျောက်​တဲ့အခါ
သက်​​သေ​တောင်​ရှာမ​တွေ့နိုင်​​အောင်​လုပ်​နိုင်​သူ...
အဲ့လိုလူက ယခုမှ အသက်(27)နှစ်သာ
ရှိ​သေးသည်​။

Socialညံ့တာ မဟုတ်​​ပေမယ့်
လူတိုင်းကိုအ​ရောမဝင်​တတ်​တဲ့ သူ့အကျင့်​​ကြောင့်
ရင်းနှီးတဲ့သူဆိုတာ လက်​ချိုး​ရေရင်​​တောင်
လက်​တစ်​ဖက်​မပြည့်​...။ သူနဲ့ရင်းနှီးတဲ့လူဆိုလို့
CEOအဖြစ်​နဲ့လုပ်​ကိုင်​​နေစဉ်​ သူ့အတွင်း​ရေးမှူး၊ဂိုဏ်းထဲက သူ့လက်​ရုံးနှစ်​​ယောက်​နဲ့
သူ့သူငယ်​ချင်းသာရှိသည်​။

သစ္စာ​ဖောက်​ခြင်းကို သိပ်​မုန်းတဲ့လူမို့
သစ္စာ​ဖောက်​လာခဲ့ရင်​လည်း​ နောက်​တ​နေ့
နေထွက်​တာမြင်​ရဖို့ အိပ်​မက်​​တောင်​မက်​ခွင့်​မရှိ​...။
ချက်​ချင်းလက်​ငင်းမသတ်​ဘဲ နှိပ်​ဆက်​ပြီးမှ
သူတို့ကိုယ်​တိုင်​က လိုလိုလားလားဖြင့်
'သတ်​လိုက်​ပါ​တော့'လို့​ တောင်းဆိုလာတဲ့အထိကို
နှိပ်​ဆက်​တတ်​သည်​။

အပြုံးချိုချို​လေးနဲ့​ ချော​နေတာက
သူ့ရဲ့​မွေးရာပါအားနည်းချက်​...မဲ့ပြုံးနဲ့​တောင်
ဆွဲ​ဆောင်​မှုရှိတာက​တော့​ သူ့ရဲ့ကံ​ကောင်းမှု​ပေါ့။
နတ်​ဘုရား​တွေရဲ့အလိုကျ ဖန်​တီးမှု​အောက်​မှာ
လူဖြစ်​လာတဲ့Gulfဟာ အ​ကောင်းဆုံးဆို​သော
အရာ​တွေကိုသာ ပိုင်​ဆိုင်​ခဲ့ရသည်​။

My Lovely CEOWhere stories live. Discover now