Chapter-09

236 11 7
                                    

Zawgyi

"Tar...ကိုယ်​စီစဉ်​ခိုင်းထားတာ
အကုန်​ပြီးပြီလား"

"ဟုတ်​ကဲ့CEO...မ​နေ့ကတည်းကပြီးပါပြီ။
သေချာလည်းစစ်​ထားပြီးပါပြီ"

"ဟုတ်​ပြီ"

ဒီ​နေ့က Mewနဲ့သူ့ရဲ့ချစ်​သူသက်​တမ်း
တစ်​လပြည့်​တဲ့​နေ့...ဒီ​နေ့မှာ ​လျှောက်​လည်​ဖို့
ဒီ​နေ့မတိုင်​ခင်​တည်းက အလုပ်​​တွေကို
အပြတ်​ဖြတ်​ထားရသည်​။ တခြား​နေ့​တွေမှာ
အလုပ်​ကိုဦးစား​ပေး​ပေမယ့်
ဒီလို​နေ့မှာ​တော့ သူ့ချစ်​သူ​လေးကိုသာ
တ​နေကုန်​အချိန်​​ပေးမည်​။

Mewအ​ကြောင်း​တွေးရင်း ပြုံးမိလိုက်​သည်​။
ဒီ​နေ့မှာ ​အေး​အေး​ဆေး​ဆေး​နေရဖို့
အလုပ်​​တွေအပြတ်​ဖြတ်​​နေတာနဲ့
ဒီက​လေးကိုသူပြစ်​ထားမိသလို
ဖြစ်​​နေသည်​။ ​ကောက်​စိန်​​လေးက​တော့
သေချာ​ပေါက်​ ​ကောက်​​နေမှာပင်​...။

"ကဲ...Tar...ကိုယ်​သွား​တော့မယ်​။
ကောက်​စိန်​က ​ကောက်​​နေ​လောက်​ပြီ"

"ဟုတ်​ကဲ့"

လိုအပ်​တာ​တွေယူပြီး အပြင်​ထွက်​သွား​သော
CEOကိုကြည့်​ကာ Tar​ခေါင်းခါမိသည်​၊
အလုပ်​မှာ မျက်​နှာတည်​တည်​နဲ့
ကြောက်​စရာ​ကောင်း​နေသ​လောက်
CEO Mewနဲ့​တွေ့သည့်​အခါဖြစ်​​စေ၊
CEO Mewအ​ကြောင်း ​ပြောသည့်​အခါဖြစ်​​စေ
မျက်​နှာထက်​မှာ အပြုံးပန်း​တွေက
နေနဲ့ထိတဲ့​နေကြာပန်း​လေးလို
တောက်​ပ​နေတတ်​သည်​။

လိုက်​ဖက်​တာထက်​ပိုတဲ့ CEOတို့အတွဲ​လေး!

..........My Lovely CEO..........

"Mew...P'Gulfကိုမ​တွေ့ပါလား"

"ငါ့လာမ​မေးနဲ့။ အဲ့လူကြီး အခုတ​လော
ဘာ​တွေလုပ်​​နေမှန်းကိုမသိတာ။
အရင်​ကဆို ညတိုင်းဖုန်းဆက်​တဲ့သူက
ဖုန်းမဆက်​တာ နှစ်​ရက်​​တောင်​ရှိပြီ"

"သူ အလုပ်​များ​နေလို့ဖြစ်​မှာပါ"

"ဟဲ့Eye...နင်​​ပြောပုံက ငါကအား​နေတဲ့ပုံနဲ့..."

"အဲ့လိုမဟုတ်​ဘူး​လေဟာ။ ငါ​ပြောချင်​တာက..."

"မ​ပြောနဲ့။ နင်​တို့လည်း ဟိုလူကြီးဘက်​ကပဲ။
ဒီ​နေ့မှာ​တောင်​ ဖုန်းမဆက်​တဲ့လူကြီး..."

My Lovely CEOWhere stories live. Discover now