Chapter-19

215 12 0
                                    

Zawgyi

At 'GKW' Group...

"ချစ်​ဆုံးအခု​ပြောလိုက်​တာဘယ်​သူ..."

" 'TTY' Groupရဲ့CEO Tong Thanayut​လေ။
ကိုကိုသိလို့လား"

"သိရုံတင်​ဘယ်​ကမလဲ။ ချစ်​ဆုံးရဲ့...
Tongကကိုယ့်​သူငယ်​ချင်း​လေ။
နောက်​ပြီး Tarရဲ့အစ်​ကို..."

"ဟုတ်​လား။ တိုက်​ဆိုင်​လိုက်​တာဗျာ။
ဒါနဲ့ကိုကို့မှာ သူငယ်​ချင်းတစ်​​ယောက်​ပဲရှိတာဆို"

"အင်းဟုတ်​တယ်​။ ​ကျောင်းတုန်းက​တော့
Kaownahတစ်​​ယောက်​တည်း​ပေါ့။
ကိုယ်​က သူငယ်​ချင်းအများကြီးမထားဘူး​လေ။
Tongကကျ​တော့ ကိုယ်​နဲ့လုပ်​ငန်းခွင်​မှာ
ရင်းနှီးကြတာ။ (7)နှစ်​​လောက်​​တော့ရှိပြီ"

"​အော်​...ကြာပြီပဲ"

"အင်း။ ဒါနဲ့ ​ချစ်​ဆုံး​ပြောပုံအရဆိုရင်
Tongကြိုက်​​နေတာ Mildကို​ပေါ့"

"ဟုတ်​တယ်​။ ကိုကို့ကို​ပြောဖူးလား"

"အင်း...ဟိုတ​လောက​တွေ့ဖြစ်​​တော့
ပြော​သေးတယ်​။ သူ့နှလုံးသားပိုင်​ရှင်​​တွေ့ပြီဆိုပြီး...
ကိုယ်​လည်းစဉ်းစား​နေ​သေးတာ။
ဘယ်​သူများလဲလို့...Mildဖြစ်​​နေတာပဲ။
အဲ့​တော့Mildဘက်​ကဘယ်​လိုလဲ"

Gulf​မေးလိုက်​​တော့ ရင်​ခွင်​ထဲမှီ​နေရာမှ
မော့ကြည့်​ကာ...

"အဲ့Mildက သူ့စိတ်​သူမသိ​သေးဘူး။
သ​ဘောကျ​နေရဲ့သားနဲ့ မူ​နေတယ်​​လေ"

"အဲ့​တော့ ချစ်​ဆုံးဘာလုပ်​ချင်​လဲ"

"ကျွန်​​တော်​က​တော့ သ​ဘောတူတယ်​။
ကိုကို​ကရော ကိုကို့သူငယ်​ချင်းနဲ့
သ​ဘောတူရဲ့လား"

"အဲ့ဒါက Tongဆုံးဖြတ်​ချက်​ပဲ​လေ။
သူ့ဘက်​က တကယ်​သ​ဘောကျတယ်​ဆိုရင်
ကိုယ့်​ဘက်​က ပိတ်​ပင်​စရာမရှိပါဘူး။
ကိုယ့်​သူငယ်​ချင်းက ရုပ်​​ချောသ​လောက်​၊
ကြိုက်​တဲ့လူများသ​လောက်
ဇီဇာ​ကြောင်​လွန်းလို့ FAဖြစ်​​နေတာ​လေ"

"ဒါဆိုကိုကိုက​ရော..."

"ကိုယ်​ကဘာဖြစ်​လို့လဲ"

"ကိုကို့သူငယ်​ချင်းကိုသာ ​ပြော​နေတာ။
ကိုကိုကျ​တော့ ရည်းစားထားဖူးတာကျလို့..."

My Lovely CEOWhere stories live. Discover now