Chapter-15

245 13 4
                                    

Zawgyi

"CEO​ဗျ...​နေ့လည်​စာစားရ​အောင်​ပါ"

"ကိုယ်​မစားချင်​ဘူးTar...မင်းပဲစားလိုက်​"

သူ့ကို​ပြောပြီး Laptopကိုပြန်​ကြည့်နေ​သော
CEOဖြစ်​သူကို စိတ်​ပူလွန်းလှသည်​။
ဘယ်​လို​ပြော​ပြောလည်း ရမှာမဟုတ်​တာမို့
ထမင်းစားရန်​ ထွက်​လာလိုက်​​တော့သည်​။
CEO​ခေါင်းမာမှုကို သူလည်းမတတ်​နိုင်​​ပေ...။

အခုဆို CEO Mewနဲ့အဆက်​အသွယ်​ပြတ်​ကာ
(2)ပတ်​ရှိပြီ။ ဒီ(2)ပတ်​အတွင်း
CEO​တော်​​တော်​​လေးပိန်​သွားသည်​။
မနက်​စာကို လက်​ဖက်​ရည်​တစ်​ခွက်​ပဲ​သောက်​ပြီး
နေ့လည်​စာကျ​တော့လည်း မစား​ပေ...။
ညစာကျပြန်​​တော့ အန်​တီတို့အတင်း​ကျွေးလို့
နှစ်​ဇွန်း၊သုံးဇွန်းသာစားပြီး အိပ်​​သည်​တဲ့။
ဒီလိုပုံစံမျိုးနဲ့ 'MSS' Groupနှစ်​ပတ်​လည်​မှာ
ပွဲတက်​နိုင်​ပါ့မလား...။

Tarထွက်​သွား​တော့မှ ဘာမှရှိမ​နေ​သော
Screenအလွတ်​နဲ့Laptopအားပိတ်​ကာ
ထိုင်​ခုံကိုမှီပြီး မျက်​လုံးမှိတ်​ထားလိုက်​သည်​။
သူမအိပ်​ရတာ ဘယ်​နှရက်​ရှိပြီလဲ။
ထမင်းစားပြီး အခန်းထဲဝင်​သွားတာ​ကြောင့်
Mommyတို့က​တော့ အိပ်​တယ်​လို့ပဲ
ထင်​ကြမှာပင်​...။

Mewကိုဘယ်​လိုမှဆက်​သွယ်​လို့မရ​ပေ...။
Line,Instagram,Messanger...
ရှိသမျှacc​တွေကို blockထားသည့်​အပြင်
ဖုန်းနံပါတ်​ကိုပါ black listထဲထည့်​ထားသည်​။
လူချင်း​သေချာမ​တွေ့ရရင်​​တောင်
မျက်​နှာ​လေး​တော့ မြင်​ချင်​​သေးတာမို့
အလုပ်​ဆင်းချိန်​ Companyသွားကြည့်​​တော့
ဝန်​ထမ်း​တွေအားလုံး ပြန်​သွားတာ​တောင်
သူ့ချစ်​သူ​လေးကို​တော့ မ​တွေ့ရ​ချေ...။
စော​စောပြန်​သွားလို့များလားဆိုပြီး
အိမ်​လိုက်​သွား​တော့လည်း ကားမရှိ​ပေ...။

တကယ်​ကိုပဲ စိတ်​နာသွားတာများလား။
သူ့အမှားပင်​...။ Yukuထမင်းဖိတ်​​ကျွေးတာကို
လက်​မခံလိုက်​သင့်​သလို ရင်​ခွင်​ထဲဝင်​လာချိန်
ပြန်​မဖက်​လိုက်​သင့်​​ပေ...။ အခု​တော့ဖြင့်
သူ့မှာအရူးကျ​နေတာပဲ။

"အ!"

(2)ပတ်​​လောက်​ အိပ်​ချိန်​မမှန်​ခဲ့မှုသည်
ဒီ​နေ့မှခံရ​တော့သည်​။ ​ခေါင်းကိုက်​လာတာမို့
Tarကိုဖုန်းဆက်​ကာ ထမင်းစားပြန်​လာရင်
ရုံးခန်းထဲမလာ​တော့ဖို့​ပြောပြီး
နား​နေခန်းထဲဝင်​လာလိုက်​သည်​။
ထို့​နောက်​ အိပ်​မရ​ပေမယ့်​လည်း
နှစ်​ပတ်​လည်​ပွဲရှိ​သေးတာမို့ အားတင်းရမည်​။

My Lovely CEOWhere stories live. Discover now