Chapter-07

266 12 2
                                    

Zawgyi

"Mew...ဒါဆို မင်းတို့နှစ်​​ယောက်​က
ချစ်​သူ​တွေဖြစ်​သွားပြီ​ပေါ့"

Mildရဲ့အ​မေး​ကြောင့်​ ကုတင်​​ပေါ်မှာထိုင်​ကာ
Bubble-tea​သောက်​​နေရင်း
ခေါင်းငြိမ့်​ပြလိုက်​သည်​။ အခုလက်​ရှိ
သူ့အိမ်​ကို​ရောက်​​နေတာဖြစ်​သည်​။
မနက်​​စော​စောစီးစီး အိပ်​​ကောင်း​နေတုန်းမှာ
အဖျက်​သမားနှစ်​​ယောက်​က သူ့ဆီ​ရောက်​လာပြီး
လာစပ်​စု​နေကြသည်​။

"မင်းကို CEO Gulfလာ​ခေါ်တုန်းက
ငါတကယ်​လန့်​သွားတာသိလား။
ရုတ်​တရက်​ကြီး ​ရောက်​ချလာပြီး
ဆွဲ​ခေါ်သွား​တော့​လေ။ သတင်းကိစ္စ​ကြောင့်
ပြဿနာရှာမလို့လား​ပေါ့"

Mildအ​ပြော​ကြောင့်​ သူရယ်​လိုက်​သည်​။
သူ့သူငယ်​ချင်းက စိတ်​ပူလွန်​​သေးတာ။

"သတင်းကိစ္စက အဲ့​နေ့ညကတည်းက
သိပြီးသားပါ။ Phiကဘာမှမ​ပြောဘူး။
ငါ့လာ​ခေါ်တာက Yuchen​မွှေလိုက်​လို့..."

သူလည်းအ​ကြောင်းစုံ​ပြောပြ​တော့
နှစ်​​ယောက်​စလုံးက ​ကြောင်​အ​နေသည်​။
ဟုတ်​တာ​ပေါ့...။ နှစ်​​ယောက်​စလုံးသိတာက
သူ့ဘက်​ကပဲ စကြိုက်​တာလို့​လေ။
အခု​တော့ Phiဘက်​ကအရင်​ဆို​တော့...။

"ဒါနဲ့ နင်​ဘယ်​လိုပြန်​​ရောက်​လာတာလဲ။
ကားလည်းပါမသွားဘူးဟုတ်​..."

"အွန်း...ဒီလိုဟ"

သူအငိုလွန်​ပြီး အိပ်​​ပျော်​သွားတာမို့
ပြန်​နိုးလာတဲ့အချိန်​ဟာ (8)နာရီထိုး​နေပြီ။
အိပ်​ရာကနိုး​တော့ P'Gulfရင်​ခွင်​ထဲမှာ...။
နေ့လည်​တည်းက ဘာမှမစားရ​သေးတာမို့
ဗိုက်​ဆာလာတာ​ကြောင့်​ ထဖို့ပြင်​​တော့
P'Gulfကပါနိုးလာသည်​။ ထို့​နောက်
ညစာစားကာ အိမ်​ပြန်​လိုက်​ပို့​ပေးသည်​။

'ကိုယ့်​ဆန္ဒအရဆို ​ခေါ်ထားမှာဆို​ပေမယ့်
Mewမိဘ​တွေ စိတ်​ပူ​နေမှာစိုးလို့'

တဲ့...။ ဘယ်​​လောက်​​တောင်​မှ လိမ္မာလိုက်​လဲ။
အိမ်​ပြန်​​ရောက်​​တော့ Daddyတို့က
တကယ်​ကိုစိတ်​ပူ​နေခဲ့သည်​။ ဒါ​ပေမယ့်
P'Gulfက​သေချာရှင်းပြလိုက်​တာ​ကြောင့်
ဘာမှမ​ပြော​တော့​ပေ...။ P'Gulfပြန်​သွားမှ
သူတို့ရဲ့ဆက်​ဆံ​ရေးအ​ကြောင်း​မေးလို့
အ​ကြောင်းစုံဖွင့်​​ပြောပြလိုက်​သည်​။
Yuchenကိစ္စကစပြီး အကုန်​လုံးကို​ပေါ့...။

My Lovely CEOWhere stories live. Discover now