Chapter-10

236 11 5
                                    

Zawgyi

ဒီ​နေ့ ပြင်​ပကရာသီဥတုသည်​ သာယာသ​လောက်
'MSS' Company၏ရာသီဥတုသည်
အုံ့မှိုင်းလျက်​ရှိသည်​။ အ​ကြောင်းက​တော့
CEOဖြစ်​သူမှာ Companyထဲစဝင်​လာတည်းက
မျက်​နှာမလန်း​သော​ကြောင့်​ပင်​...။
CEOမျက်​နှာမ​ကောင်းသည်​မို့ ဝန်​ထမ်း​တွေမှာ
ဘာများဖြစ်​လို့လဲဆိုတာ သိချင်​​နေကြသည်​။
CEO Gulfနဲ့ချစ်​သူဖြစ်​ပြီးတည်းက
သူတို့CEOက အရင်​တုန်းကထက်
ပိုပြုံးလာတာ သူတို့မျက်​မြင်​ကိုယ်​​တွေ့ပင်​...။
သို့​သော်​ ဒီ​နေ့ကျမှ မျက်​နှာ​လေးမဲ့လာ​တော့
သူတို့လည်းမ​​​နေတတ်​​ပေ...။

CEOတို့ စကားများထားကြတာလား!

"Mew...နင့်​မျက်​နှာက ဘယ်​လို​ကြောင့်
မသာမယာဖြစ်​​နေတာလဲ"

Eye​မေးလိုက်​​တော့ ပြို​တော့မယ့်​မိုးလိုမျက်​နှာက
ပိုမဲ့ကျလာကာ...

"Eye~"

"အင်းအင်း...ဘာဖြစ်​လို့လဲ။ အန်​တီတို့နဲ့
အဆင်​မ​ပြေလို့လား။ P'Gulfနဲ့ကိစ္စကို
သ​ဘောမတူလို့လား"

"ဟင့်​အင်း..."

"ဒါဆိုဘာလို့လဲ။ စိတ်​ပူလိုက်​တာဟယ်​..."

Eyeခမျာ ဘာလုပ်​ရမှန်းကိုမသိ​တော့​ပေ...။
Company​ရောက်​တည်းက ထိုင်​ခုံမှာထိုင်​ကာ
မှောင်​မိုက်​​နေ​သော ရာသီဥတုဖြင့်
ဘာမှမလုပ်​ဘဲ ငိုင်​​နေ​လေသည်​။

"ကိုကို​လေ...ကိုကိုက..."

"ကိုကို?P'Gulfကို​ပြောတာလား"

Eye​မေး​တော့ ​ခေါင်းငြိမ့်​ပြသည်​။

"အင်း...P'Gulfကဘာဖြစ်​လို့လဲ။
နင့်​ကိုဘာ​ပြောလို့လဲ"

"ကိုကိုက Japan​ရောက်​သွားပြီ"

"အမ်​? Japanကိုဘာသွားလုပ်​တာ"

"ရုံးခွဲသစ်​ဖွင့်​ဖို့အတွက်​တဲ့"

"ဪ..."

Eyeခမျာ 'ဪ...'ဟုသာ​ပြောနိုင်​​တော့သည်​။
သူ(မ)က​တော့ ဘာများဖြစ်​လို့လဲ​ပေါ့။
ဒင်းက လင်​ပူမိ​နေတာတဲ့​လေ...။
လဒမှိုင်​,မှိုင်​​နေပုံက P'Gulfကပဲ
လမ်းခွဲသွားတာလိုလို...။ Mewတစ်​​ယောက်
ဘယ်​တုန်းက အဲ့​လောက်​ခံစားလွယ်​သွားတာလဲ။

My Lovely CEOWhere stories live. Discover now