Chapter-14

227 11 4
                                    

Zawgyi

At 'MSS' Group...

"Mild...​Companyနှစ်​ပတ်​လည်​အတွက်
စီစဉ်​ပြီးပြီလား"

"ပြီးသွားပြီ။ အခမ်းအနားအပြင်​အဆင်​၊
အစားအ​သောက်​...အကုန်​လုပ်​ပြီးပြီ။
ပန်း​တွေကို​တော့ အဲ့​နေ့​ရောက်​​တော့မှ
ဆင်​လိုက်​မယ်​"

"​အေး​ကောင်းပါတယ်​။ မဟုတ်​ရင်
ပန်း​တွေနွမ်းကုန်​မှာ"

"ခန်းမကိုသွားကြည့်​ချင်​လား"

"အင်း...သွားကြည့်​ကြတာ​ပေါ့"

ထို့​နောက်​ Mildနဲ့အတူ ပွဲကျင်းပမယ့်​ခန်းမဆီ
ထွက်​လာလိုက်​သည်​။

နောက်​နှစ်​လဆိုရင်​ 'MSS'Groupတည်​​ထောင်​တာ
(3)နှစ်​ပြည့်​ပြီဖြစ်​သည်​။ ဒီနှစ်​ပတ်​လည်​ကို
အရင်​နှစ်​​တွေကနဲ့မတူ​အောင်
သေ​သေချာချာပြင်​ဆင်​ထားလိုက်​သည်​။
အဲ့ဒီ​နေ့က သူ့အတွက်​ အ​ရေးကြီးတဲ့​နေ့ဖြစ်​တာမို့
ဘာဆိုဘာမှ အလွဲ​ချော်​မခံနိုင်​​ပေ...။
အခမ်းအနားကို ကိုကိုလည်းလာမှာဆို​တော့
တခြားသူ​တွေအတွက်​ မထူးခြား​ပေမယ့်
သူ့အတွက်​က​တော့ ထူးခြားသည်​။

ခန်းမကို​ရောက်​​တော့ တံခါးဖွင့်​ကာ
အထဲဝင်​သွားလိုက်​သည်​။ အပြင်​အဆင်​သည်
ကြွ​ရောက်​လာသူတိုင်း သ​ဘောကျမှာပင်​...။
အခန်းနံရံ​တွေကို အပြာလွင်​လွင်​​လေးသုံးထားပြီး
Glitter partical​လေး​တွေ ကပ်​ထားတာမို့
မီး​ရောင်​​အောက်​မှာ တလက်​လက်​ဖြင့်​...။
မျက်​နှာကြက်​မှလည်း လိပ်​ပြာ​လေး​တွေကို
ကြိုးနဲ့ဆွဲထားတာမို့ ပန်ကာ​လေတိုက်​တိုင်း
လှုပ်​လှုပ်​ရွရွဖြင့်​ ပျံသန်း​နေသည့်​အလား...။
ကော်​​ဇောကိုလည်း မိုးပြာ​ရောင်​သုံးပြီး
စားပွဲခင်း​တွေသည်​လည်း အပြာ​ရောင်​​တွေပင်​...။

ထို့​ကြောင့်​ အခမ်းအနားတက်​​ရောက်​သည့်​လူတိုင်း
ခန်းမထဲဝင်​လိုက်​တာနဲ့ ​အေးချမ်းမှုကို
ခံစားရမှာမလွဲဧကန်​ပင်​...။ အရင်​နှစ်​​တွေက
အဖြူ​ရောင်​ပဲသုံးခဲ့​သော်​လည်း
ဒီနှစ်​ကို​တော့ ထူးထူးခြားခြား​လေးဖြစ်​​အောင်
အပြာ​ရောင်​သုံးထားခြင်းပင်​...။
ပန်း​တွေကို​တော့ ကိုကို့ကိုကိုယ်​စားပြုသည့်
နေကြာပန်းကိုသာသုံးဖို့ ရည်​ရွယ်​ထားသည်​။

My Lovely CEOWhere stories live. Discover now