Chapter-06

288 13 4
                                    

Zawgyi

Gulfစာရင်းလုပ်​​နေတုန်း ဖုန်းဝင်​လာတာမို့
ယူကြည့်​လိုက်​​တော့ Unknown number...
ဘယ်​သူလဲသိချင်​တာ​ကြောင့်
ကိုင်​လိုက်​​တော့ ကြားလိုက်​ရတာက
မိန်းက​လေးတစ်​​ယောက်​၏အသံ...။
အစက​တော့ Mewသူငယ်​ချင်း​ကောင်​မ​လေးဟု
ထင်​လိုက်​​ပေမယ့်​ 'Mew gege'ဆိုတဲ့အသံ​ကြောင့်
တွေ့မယ့်​ကိစ္စကိုသ​ဘောတူလိုက်​သည်​။

Mew​ပြောဖူးတာ​တော့ သူ့ဆီမှာ
မိန်းက​လေးသူငယ်​ချင်းဆိုလို့ Eyeပဲရှိတာတဲ့။
အခုကလည်း 'Mew gege'လို့​ခေါ်တာမို့
သူငယ်​ချင်း​တော့မဖြစ်​တန်​ရာ...။
ဒါဆို ညီမလား။ ပို​တောင်​မဖြစ်​နိုင်​​သေး...။
Mewကတစ်​ဦးတည်း​သောသား​လေ...။
ဘာပဲ​ပြော​ပြော သွား​တွေ့လိုက်​မည်​။

သူCaféထဲ​ရောက်​​တော့ သူ့ကိုလှမ်း​ခေါ်သည့်
ကောင်​မ​လေးတစ်​​ယောက်​...
အနား​ရောက်​​တော့ ထိုင်​​တောင်​မထိုင်​နိုင်​ဘဲ
မေးလိုက်​မိသည်​။ သို့​ပေမယ့်​ ထို​ကောင်​မ​လေးက
သူ့ကိုအရင်​ထိုင်​ခိုင်းသည်​။ သူထိုင်​ပြီး​နောက်
ပြောလာတဲ့စကားက...

"Chenနာမည်​က Yuchenပါ။ Mew gegeနဲ့
လူကြီးချင်းသ​ဘောတူထားတဲ့မိန်းက​လေးပါ"

"ဘယ်​လို!"

တဖက်​ကစကားသံ​ကြောင့်
နားထဲမှာ Dynamite(10)ခု​လောက်
တပြိုင်​နက်​​ပေါက်​ကွဲသွားသလို
အူထွက်​သွားသည်​။ ဘာဆိုဘာမှမကြားရ​တော့...။
Mewမှာ လူကြီးချင်းသ​ဘောတူထားတဲ့သူ
ရှိတယ်​တဲ့လား။ ဒီ​လောက်​ကြီးတဲ့ကိစ္စကို
Mewကဘာလို့မ​ပြောတာလဲ။
သူ့ကိုဘယ်​လိုသ​ဘောထား​နေတာလဲ။

လှုပ်​ရှား​နေ​သောစိတ်​ကို အတတ်​နိုင်​ဆုံးထိန်းကာ
ရှေ့က​ကောင်​မ​လေးကိုကြည့်​ပြီး...

"အဲ့​တော့ ကိုယ်​နဲ့ဘာဆိုင်​လို့လဲ"

"မ​နေ့ညကတက်​လာတဲ့သတင်း​တွေကို
ရှင့်​အ​နေနဲ့ မသိဘူးလို့​တော့မ​ပြောနဲ့"

"ခန​လေး...မင်းအသက်​ဘယ်​​လောက်​လဲ"

"ရှင်​!"

စကား​ပြော​နေရာက ဖြတ်​​မေးလာ​သော
CEO Gulf၏​မေးခွန်း​ကြောင့်
Chenဘာ​ဖြေရမှန်းမသိ...။ Chen​ပြော​နေတာ
အသက်​နဲ့ဆိုင်​လို့လား။

My Lovely CEOWhere stories live. Discover now