Chapter-05

296 15 2
                                    

Zawgyi

မနက်​​ရောက်​​တော့ Tarဆီကစာဝင်​လာသည်​။

📩Club​နောက်​​ပေါက်​ကထွက်​ခဲ့CEO...
ကျွန်​​တော်​​ရောက်​​နေပြီ📩

ထိုစာ​ကြောင့်​ Tarကိုဖုန်း​ခေါ်လိုက်​သည်​။

"Hello...Tar..."

(ထွက်​လာပြီလားCEO...)

"မထွက်​လာရ​သေးပါဘူး။ ဒါနဲ့ဘာဖြစ်​လို့
အ​နောက်​​ပေါက်​ကလဲ"

(အ​ရှေ့​ပေါက်​က​ထွက်​ရင်​ CEOတို့နှစ်​​ယောက်
အိမ်​ကို ​ခေါင်းတခြား၊ကိုယ်​တခြား
ပြန်​ရလိမ့်​မယ်​)

"ဘာဖြစ်​လို့လဲ"

(​ပေါက်​​ဖော်​​တွေ​ရောက်​​နေလို့...)

"တရုတ်​​တွေ​ရောက်​​နေတာလား"

(CEOကလည်းဗျာ...ကျွန်​​တော်​​ပြောတာက
သတင်း​ထောက်​​တွေ​ရောက်​​နေပြီလို့...)

"အဲ့ဒါဆို အဲ့လို​ပြောပါလား"

(သူတို့လည်း ​ပေါက်​​ဖော်​ပဲ​လေ။
သူတို့ဂျာနယ်​တိုက်​ ​ပေါက်​ဖို့​ဖော်​ကြတာ​လေ)

"​အေးပါ။ မိ​ကျောင်းသားရယ်​...
အခုထွက်​လာပြီ"

ထို့​နောက်​ Managerကိုဖုန်းဆက်​ကာ
အခန်းအပ်​ခဲ့ပြီဖြစ်​​ကြောင်း​ပြောပြီး
Mewကို​ခေါ်ကာ ထွက်​လာလိုက်​သည်​။
အ​နောက်​​ရောက်​​တာနဲ့ ကား​ပေါ်တက်​ကာ
Mewက သူ့အတွင်း​ရေးမှူး​တွေဆီ
ဖုန်း​ခေါ်သည်​။

"Hello...Mild...Eye..."

Group chatက​နေ​ခေါ်လိုက်​တာမို့
ဖုန်းဝင်​သွားတာနဲ့ အာပြဲစိန်​Eyeက
ဝိုင်း​အော်​ကြ​တော့သည်​။

"​သေနာ​လေး...တညလုံးစိတ်​ပူ​နေတာ။
နင်​က​တော့ နင့်​လင်​နဲ့သာယာ​နေတယ်​​ပေါ့"

Eyeရဲ့အသံ​ကြောင့်​ P'Gulfကိုကြည့်​​တော့
'ဘာမှမဖြစ်​ဘူး'ဆိုတဲ့သ​ဘောဖြင့်
ခေါင်းခါလာသည်​။

"Eye...နင်​ဘယ်​လိုကြီး​ပြောလိုက်​တာတုန်း...
ရှေ့မကြည့်​​ ​နောက်​မကြည့်​နဲ့။ Mew​ဘေးမှာ
CEO Gulfထိုင်​​နေတယ်​"

ထိုအခါမှ Eyeတစ်​​ယောက်​ ပြူးတူးပြဲတဲဖြင့်​...

"​တောင်းပန်​ပါတယ်​CEO Gulfရှင့်​...
ကျွန်​မက Mewတစ်​​ယောက်​တည်းထင်​လို့ပါ"

My Lovely CEOWhere stories live. Discover now