Chapter-12

226 12 2
                                    

Zawgyi

Mew Japan​ရောက်​​နေတဲ့တစ်​လအတွင်း
Yukuဆိုတဲ့မိန်းမနဲ့ ထိပ်​တိုက်​​တွေ့တာ
သုံးခါရှိ​နေပြီ။ ကိုကို့​နောက်​ကို တမင်​လိုက်​​နေသလို
သူနဲ့ကိုကိုသွားတဲ့​နေရာတိုင်း အဲ့မိန်းမရှိသည်​။
ထိပ်​တိုက်​​တွေ့တိုင်းလည်း တနည်းမဟုတ်​တနည်း
ပြဿနာလာရှာတတ်​သည်​။ ​နောက်​တစ်​ခါဆိုရင်
အဲ့မိန်းမသိ​အောင်​ ​ပြောပြထားရဦးမည်​။

Mew Suppasitရဲ့နူးညံ့မှု​တွေက
Gulf Kanawutအတွက်​ပဲဆိုတာ!

"ကိုကို..."

"ဟင်​..."

"သဘက်​ခါ ကျွန်​​တော်​ပြန်​ရမှာ​နော်​"

"သိတယ်​​လေ။ ချစ်​ဆုံးရဲ့...အဲ့ဒါ​ကြောင့်​လည်း
ကိုယ်​ အလုပ်​​တွေကို အမြန်​ဖြတ်​​နေတာ"

"အွန်း...ကိုကို...Yukuဆိုတဲ့မိန်းမကို
ကျွန်​​တော်​ကြည့်​မရ​တော့ဘူး"

"ဒါများ...ချစ်​ဆုံးရယ်​...ကြည့်​မရဘူးမလား။
သတ်​ပြစ်​လိုက်​​ပေါ့"

"ကိုကိုကလည်း အ​ကြောင်းမဲ့သက်​သက်
သတ်​ပြစ်​တာက ပျင်းဖို့​ကောင်းပါတယ်​။
ကျွန်​​တော်​က ကစားချင်​​သေးတာ"

သူ​ပြောလိုက်​​တော့ ကိုကိုက Necktieတပ်​​နေရင်း
လှည့်​ကြည့်​လာပြီး...

"ကစားတာလည်း ကစားတာ​ပေါ့​နော်​။
ချစ်​ဆုံးကို​တော့ မထိခိုက်​​စေနဲ့။ ​ပြီး​တော့
တစ်​ခါတည်းမှာလိုက်​မယ်​။ ကစားပွဲမှာ
ချစ်​ဆုံးကို တစ်​ခုခုထိခိုက်​​စေမယ်​ဆိုရင်
ချက်​ချင်းရပ်​ပြီး အပြတ်​ဖြတ်​လိုက်​"

"ဟုတ်​ကဲ့ပါဗျ"

"အွန်း...လိမ္မာတယ်​"

"ကိုကို့​ကောင်​​လေးမို့​လေ"

"ဟုတ်​လား။ ဘယ်​မှာလဲ။ ကိုယ့်​​ကောင်​​လေးက..."

"ဒီမှာပါဗျ"

လက်​​လေးနှစ်​ဖက်​အား ကြာပန်းသဏ္ဍာန်​လုပ်​ကာ
မေး​စေ့​အောက်​ထားပြီး ပြုံးပြ​နေသူသည်
တကယ့်​​နေမင်း​လေးပင်​...။ Gulfလည်း
အသည်းယားသွားတာနဲ့ လက်​​လေး​တွေ​ပေါ်က​နေ
သူ့လက်​ကိုဖိထပ်​လိုက်​ပြီး စူထွက်​လာ​သော
နှုတ်​ခမ်းရဲရဲ​လေးအား အနမ်း​ခြွေလိုက်​သည်​။

My Lovely CEOWhere stories live. Discover now