Chapter-11

235 11 5
                                    

Zawgyi

အခုဆို သူJapan​ရောက်​ရင်​ တစ်​ပတ်​ရှိပြီ။
ဘယ်​မှမသွားချင်​တာမို့ ​ရောက်​တည်းက
Hotelထဲမှာပဲ​နေဖြစ်​သည်​။ ကိုကိုကလည်း
ဒီတစ်​ပတ်​အတွင်း အလုပ်​ရှုပ်​​နေသည်​။
ဒီ​နေ့​တော့ ကိုကိုနဲ့လိုက်​သွားချင်​သည်​။

"ချစ်​ဆုံး...Companyလိုက်​ခဲ့မလား"

ကိုယ်​လုံး​ပေါ်မှန်​​ရှေ့ ကြယ်​သီးတပ်​​နေရင်း
Gulf​မေးလိုက်​​တော့ ကုတင်​​ပေါ်က
အ​ကောင်​​ပေါက်​​လေး ​ခေါင်းငြိမ့်​လာတာ
မှန်​ထဲမှမြင်​လိုက်​ရသည်​။

သူ​တွေး​နေတုန်း ကိုကို​မေးလာသည်​မို့
ခေါင်းငြိမ့်​ပြလိုက်​​တော့...

"အဲ့ဒါဆို အက်ႌလာလဲ​ဦး"

"ဟုတ်​..."

ထိုအခါ ကုတင်​​ပေါ်ကဆင်းလာပြီး
ကိုကိုနဲ့ဆင်​တူ အင်္ကျီအဖြူလဲလိုက်​သည်​။
ဘောင်းဘီက​တော့ ဂျင်း​ဘောင်းဘီမို့
လဲစရာမလို​ပေ...။ ထို့​နောက်​ နည်းနည်းပါးပါး
ပြင်​ဆင်​လိုက်​သည်​။ ကိုကို့ချစ်​သူအ​နေနဲ့
စုတ်​ပဲ့​နေလို့မှမဖြစ်​ဘဲ​လေ...။

"ကိုကို...ကျွန်​​တော်​ဘယ်​လို​နေလဲ"

"ကိုယ့်​ချစ်​သူ​လေးက ဘယ်​လို​နေ​နေ
ချောပြီးသားပဲ​လေ"

"ကိုကိုလည်း​ချောတယ်​"

ထို့​နောက်​ Mewကို​ခေါ်ကာ
Companyကိုထွက်​လာလိုက်​သည်​။

..........My Lovely CEO..........

Company​ရှေ့မှာကားရပ်​ပြီး
Mewကိုလက်​ဆွဲကာ ဝင်​လာလိုက်​သည်​။
Companyထဲ​ရောက်​​တော့ Tarက...

"မင်္ဂလာပါCEO...မင်္ဂလာပါCEO Mewလည်း
လိုက်​လာတာလား"

"ဟုတ်​တယ်​Tar...Hotelမှာပဲ​နေရတာ
ပျင်းလာလို့​လေ"

"​ကောင်းပါတယ်​ဗျာ။ CEOအတွက်
စိတ်​ချရတာ​ပေါ့"

Tarစကား​ကြောင့်​ Gulfစိုက်ကြည့်​ကာ...

"ကိုယ့်​အတွက်​ စိတ်​ချရတာ​ပေါ့ဆိုတာ
ဘာကို​ပြောတာ"

"ဟဲဟဲ...ဘာမှမဟုတ်​ပါဘူးဗျ"

"သတိထား​နော်​။ လစာဖြတ်​ခံရမယ်​"

"စတာပါဗျာ"

My Lovely CEOWhere stories live. Discover now