Chapter-08

229 13 3
                                    

Zawgyi

Mewတစ်​​ယောက်​ ရုံးခန်းထဲမှာထိုင်​ကာ
မျက်​နှာစူပုတ်​​နေသည်​။ အ​ကြောင်းက​တော့
ချစ်​လှစွာ​သောကိုကိုသည်​ လွန်​ခဲ့​သောနှစ်​ရက်​မှစပြီး
စာမလာ၊ သတင်းမကြားဖြစ်​​နေသည်​။
အလုပ်​မအားဘူးဆိုရ​အောင်​ သူသည်​လည်း
အား​နေသူတစ်​​ယောက်​​တော့မဟုတ်​ပါ...။
သို့​သော်​ငြား ချစ်​သူနဲ့​တော့​တွေ့ချင်​သည်​။
မ​တွေ့ရရင်​​တောင်​ ဖုန်း​လေး​တော့​ပြောချင်​တာ​ပေါ့။
အခုဟာက စာလည်းပို့မထား၊
ဖုန်း​ခေါ်ဖို့ဆိုအ​ဝေးကြီး...။ ​တွေ့မယ်​...။
Mew Suppasitကို ဒီလိုပလစ်​လို့ရရိုးလား။

"Mild...Eye...Companyကိုခနကြည့်​ထား"

"မင်းကဘယ်​သွားမလို့လဲ"

Mildအ​မေးကို စားပွဲ​ပေါ်ကဓာတ်​ပုံအားကြည့်​ကာ
ပြန်​​ဖြေလိုက်​သည်​။

"ငါ့ကိုပလစ်​ထားတဲ့ ချစ်​သူဆီသွားမလို့..."

"​ဟျောင့်​...P'Gulfမအား..."

ပြော​ပြောဆိုဆိုနဲ့ ထွက်​သွား​သောMew​ကြောင့်
Mildမှာစကားဆုံး​အောင်​​တောင်
မ​ပြောလိုက်​ရ​ပေ...။ မ​နေ့တုန်းက
P'Gulfရဲ့ညာလက်​ရုံးP'Sanနဲ့​တွေ့သည်​။
'အခုရက်​ပိုင်း P'Gulfကိုမ​တွေ့ပါလား'လို့
မေးလိုက်​​တော့ 'နိုင်​ငံခြားကရုံးခွဲမှာ
ပြဿနာတက်​​နေလို့ ​ဖြေရှင်း​နေရတယ်​'တဲ့...။
ရုံးခွဲဆို​သော်​ငြား ရုံးချုပ်​နီးပါးမို့
P'Gulfကိုယ်​တိုင်​ လုပ်​​နေရပုံပင်​...။
အဲ့ဒါကိုမသိတဲ့Mewက​တော့
သူ့ကိုပလစ်​တယ်​ထင်​​နေသည်​။
အချစ်​...အချစ်​...​တော်​​တော်​ပါပဲကွာ။

..........My Lovely CEO..........

At 'GKW' Company...

Meeting roomထဲက​လေထုသည်
စိုးရိမ်​​ရေမှတ်​ထက်​ ​ကျော်​လွန်​​နေသည်​။
အတွင်း​ရေးမှူးဖြစ်​​သောTarမှာ​တော့
CEOကိုကြည့်​ကာ တံ​တွေးမြိုချ​နေရသည်​။
လွန်​ခဲ့တဲ့ရက်​ပိုင်းက Singaporeကရုံးခွဲမှာ
ပြဿနာတချို့တက်​​နေပြီး CEO​ရော၊သူ​ရော
အလုပ်​နဲ့လက်​နဲ့ ပြတ်​တယ်​လို့ကိုမရှိ​ပေ...။
'GKW'ရဲ့ရုံးချုပ်​က Bangkokမှာဆို​ပေမယ့်
Singaporeကရုံးခွဲသည်​လည်း
ရုံးချုပ်​နီးပါးအ​ရေးကြီးတာမို့
သူတစ်​​ယောက်​တည်းနဲ့တင်​ အဆင်​မ​ပြေ​ပေ...။

My Lovely CEOWhere stories live. Discover now