CHAPTER (1-1)

1.8K 106 0
                                    

မတ်လတွင် ဟန်မြို့တော်၏ ရာသီဥတုသည် အေးတစ်ခါ ပူတစ်လှည့်ဖြစ်နေတက်သည်။ နေ့ချင်းညချင်း အခြားရာသီဥတုတစ်ခုကိုပင် ပြောင်းလဲသွားနိုင်လေသည်။

ရွယ်ယွီသည် သူမမိသားစု၏ အိမ်ဟောင်းသို့ပြန်ရန် နေသာသော နေ့တစ်နေ့ကို ရွေးလိုက်သည်။ သူမတို့၏ အိမ်ဟောင်းသည် မကြာမီအချိန်အတွင်း ဖြိုချခံရတော့မည်ဟု သတင်းရထားလေသည်။သူမတွင်လည်း အရေးတကြီး လုပ်စရာအလုပ်မရှိသဖြင့် ထိုသတင်းကိုကြားသောအခါ အတိတ်ကို လွမ်းဆွတ်မိသောကြောင့် နောက်ဆုံးအကြိမ်အဖြစ် သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏ ။

ရွမ်မိသားစုအိမ်ဟောင်းသည် စုမြို့တော်၏ အစွန်တွင် တည်ဆောက်ထားခြင်းဖြစ်ပေသည်။ အိမ်နီးချင်းအဆောက်အဦးများအားလုံးသည် ပုံစံတူဖြစ်သော အစိမ်းနုရောင်နံရံများရှိကာ သုံးထပ်မြင့်တိုက်များဖြစ်ကြပြီး ထိပ်ဆုံးတွင် ထပ်ခိုးကိုပါ ထည့်ဆောက်ထားကြတာဖြစ်သည်။ ရွမ်ယွီသည် အထက်တန်းကျောင်းမှ ဘွဲ့ရပြီးကတည်းက ဤနေရာသို့ပြန်မရောက်ဖြစ်သည်မှာ ယခုဆိုလျှင် ၈ နှစ်ခန့် ကြာမြင့်နေပြီဖြစ်လေသည်။

ပြောင်ရှင်းနေသောအိမ်သည် မကြားသေးခင်ကပင် သန့်ရှင်းရေးလုပ်ထားမှန်း သိသာသည်။ ဖုန်မရှိသော်လည်း အောက်သက်သက်အနံ့ကို ရနေလေသည်။ သူမ တံခါးဖွင့်ကာ ထပ်ခိုးပေါ်သို့ တက်သွားလိုက်သည်။ ကျောင်းသားဘဝတုန်းက သူမ၏ပစ္စည်းများကို ထပ်ခိုးတွင် သိမ်းဆည်းထားခဲ့တာဖြစ်၏ ။

လှေကားသည် တက်လိုက်သည်နှင့် တကျွိကျွိမြည်လို့နေသည်။ ထပ်ခိုးဝရှိ လိုက်ကာကို ဆွဲဖယ်လိုက်သောအခါ နေရောင်သည် အခန်းတွင်းသို့ဝင်လာပြီး လေထုထဲတွင် ဖုန်မှုန့်လေးများ လွင့်မျောနေသည်ကို တွေ့လိုက်ရလေသည်။

ရွမ်ယွီ အနည်းအကျဉ်းရှင်းလင်းလိုက်ကာ အိုဟောင်းနေသော သစ်သားသေတ္တာကို ထုတ်ယူလာလိုက်သည်။ ရွမ်ယွီသည် ကြမ်းပြင်ပေါ်တွင် တင်ပလိမ်ချိတ်ထိုင်လိုက်ကာ သေတ္တာကိုဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်းသံမြည်လာလေသည်။ သေတ္တာအတွင်းရှိ ပစ္စည်းများကို စစ်ကြည့်နေရင်း နားကြပ်တပ်ကာ ရွမ်ယွီ ဖုန်းကို လက်ခံဖြေဆိုလိုက်လေသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now