ရွမ်ယွီ နောက်သို့လှည့်ကြည့်လိုက်သောအခါ ရွှီဟွိုက်ရှီကို တွေ့လိုက်ရသည်။
ရွှီဟွိုက်စုန့်က တစ်ဦးတည်းသောသားမဟုတ်ကြောင်း သိထားသော်လည်း ဤမျှထိ ငယ်ရွယ်သောညီမ ရှိနေသည့်အကြောင်းကိုတော့ သိမထားပါ ။ ရွှီဟွိုက်ရှီ၏ ကျောင်းဝတ်စုံကိုကြည့်ရင်း ၁၆၊ ၁၇ အရွယ်ရှိ အထက်တန်းကျောင်းသူဟု သိလိုက်သည်။
ရွမ်ယွီ မသက်မသာ ခံစားလိုက်ရသည်။
စုမြို့ရှိ အမှတ်(၁)အထက်တန်းကျောင်းမှ မှတ်တမ်းရေးရာခန်းတွင် သူမ၏ဓာတ်ပုံရှိနေလေသည်။ ရွှီဟွိုက်ရှီက ထိုကျောင်းမှ ဖြစ်နေနိုင်လေသည်။
ရွမ်ယွီ ရွှီဟွိုက်ရှီအား ပြုံးပြကာ ပြန်ပြောလိုက်သည်။ " ကျဲပဲလုပ်လိုက်ပါ့မယ်၊ ကောကောနဲ့ စကားသွားပြောနေလေ "
" သူနဲ့က ပြောစရာအထွေအထူးမရှိပါဘူး " ရွှီဟွိုက်ရှီက ပြန်ပြောလာသည်။ " ဒါကတော့ တော်တော်လွန်သွားပြီ ၊ ဧည့်သည်ကို သစ်သီးတွေ ဆေးခိုင်းရတယ်လို့ "
ထိုကိစ္စမှာ ရွမ်ယွီအတွက်လည်း ထူးဆန်းသလို ဖြစ်နေခဲ့သော်ငြား ယခုတွင်တော့ သဘောပေါက်သွားလေပြီ ။
ရွှီဟွိုက်စုန့်က မိသားစုနှင့် သီးသန့်စကားပြောလိုသော်လည်း သူမရှိနေသဖြင့် အကြောင်းပြချက်ပေးကာ သူမအား ပထုတ်လိုက်ခြင်း ဖြစ်လောက်မည်။
သူ့စိတ်ထဲတွင် ရွမ်ယွီကိုများ လူမှုရေးနားမလည်သူဟု မြင်သွားလောက်မလား ။ သူမလည်း ထွက်သွားရန် ပြင်ခဲ့သေးတာပဲလေ ။
ရွှီဟွိုက်ရှီက ကော်ဖီခန်းထဲထိ လိုက်လာကာ ဖုန်းကိုချလိုက်ပြိး အင်္ကျီလက်ကို ခေါက်လိုက်လေသည်။
ရွမ်ယွီလည်း ဖုန်းပေါ်ရှိ လီရှိီးချန်၏ ဘတ်စကတ်ဘောဝတ်စုံနှင့် ကစားနေသည့်ပုံကို တွေ့လိုက်ရသည်။
ရွမ်ယွီက ထိုပုံကို ကြည့်နေသည်ကို တွေ့သောအခါ ရွှီဟွိုက်ရှီက မိတ်ဆက်ပေးလာသည်။ " ညီမကောင်လေးလေ "
ရွမ်ယွီမှာ ကြောင်သွားပြီးမှ လိီရှီးချန်၏ ပရိသတ်ဖြစ်နေကြောင်း သတိပြုမိတော့သည်။
YOU ARE READING
ကြမ္မာဖန်သော ပျော်ရွှင်မှု
Romance[ Myanmar Translation ~ ] Author(s) -Gu Lezhi (顾了之) Associated Names -Ni Shi Chi Lai De Huanxi -You Are My Fateful Happiness -You Are My Belated Happiness -你是迟来的欢喜 Status in COO -74 Chapters (Completed) Original Publisher -jjwxc Disclaimer - I don...