အခန်းနားသို့ နီးလာသောအခါ ရွမ်ယွီ လျိုမောက်၏အသံကို ကြားလိုက်ရသည်။ " မင်း နေ့လည်စာမစားရသေးတာ ငါဘယ်လိုလုပ်သိမှာလဲ၊ ငါ့ကို ကြိုမှပြောမပြထားဘဲနဲ့ "
" ပြောခဲ့တယ်လေ ၊ we chat ကနေ " ရွှီဟွိုက်စုန့်က ပြန်ပြောသည်။
ရွမ်ယွီမှာ အခန်းတံခါးနှင့် တစ်မီတာခန့်အကွာတွင် တန့်သွားမိသည်။ လက်ထဲရှိ ထမင်းဘူးကိုကြည့်ကာ မည်သို့လုပ်ရမည်မသိလည်း ဖြစ်သွားမိလေသည်။
ရွှီဟွိုက်စုန့်မှာ နေမကောင်းသဖြင့် ရောထွေးနေဟန်တူလေသည်။ we chat တွင် ပြောခဲ့သည်မှာ မှန်သော်လည်း ရွမ်ယွီထံသို့ ပို့ခဲ့ခြင်းဖြစ်လေသည်။
ဖုန်းချပြီးနောက် ဝင်လာသောမက်ဆေ့ရှ်အား ရွမ်ယွီ ယခုမှသာ နားလည်သွားတော့သည်။ ထိုစာမှာ ရင်းနှီးသောသူငယ်ချင်းတစ်ယောက်အား ပြောဆိုနေသကဲ့သို့ ဖြစ်နေခဲ့လေသည်။ [ နေ့လယ်ကျ ငါ့ကို ဆန်ပြုတ်ယူလာခဲ့ပေးဦး ]
ဆေးရုံမြေပုံနှင့် အခန်းနံပါတ်ကိုပါ တစ်ပါတည်း တွဲ၍ပို့ခဲ့ခြင်း ဖြစ်သည်။
လျိုမောက်ထံပို့ရမည့်စာကို သူမအား မှားပို့ခဲ့ဟန်တူသည်။
ဆေးရုံ၌ ဆေးသွင်းရင်းနှင့်ပင် သူမ
အမှုကိစ္စအား ဆွေးနွေးပေးခဲ့သဖြင့် ထိုသူ၏တောင်းဆိုချက်အား ရွမ်ယွီမှာ ငြင်းဆန်ရန် မတတ်နိုင်ခဲ့ခြင်းဖြစ်သည်။ယခုအခါ ဘာလုပ်ရမည်မှန်း မသိတော့ပါချေ။ အခန်းတွင်းသို့ ဝင်သွား၍ ကောင်းပါ့မလားဟု စဉ်းစားနေလိုက်မိသည်။
ရွမ်ယွီ တံခါးဝတွင်ရပ်၍ တွေဝေနေမိရာမှ ရုတ်တရတ် လျိုမောက်၏ အသံကို ကြားလိုက်ရသည်။ " ဟုတ်ပြီလေ၊ ငါမင်းအတွက် သွားဝယ်ပေးမယ် " ဆိုပြီးနောက် အခန်းထဲမှ ထွက်လာလေ၏ ။
ထိုသူ့အား ရှောင်ရန်အတွက် သိပ်ကိုနောက်ကျသွားပြီ ဖြစ်လေသည်။ ထို့ကြောင့် ရွမ်ယွီ မချိပြုံးပြုံးပြလိုက်ရကာ ပြောလိုက်ရသည်။ " မစ္စတာလျိုပါလား " သူမလက်ထဲရှိ ထမင်းဘူးကို မြှောက်ရင်း ရွမ်ယွီ ထပ်ပြောလိုက်သည်။ " ဆန်ပြုတ်သွားဝယ်မလို့လား "
YOU ARE READING
ကြမ္မာဖန်သော ပျော်ရွှင်မှု
Romance[ Myanmar Translation ~ ] Author(s) -Gu Lezhi (顾了之) Associated Names -Ni Shi Chi Lai De Huanxi -You Are My Fateful Happiness -You Are My Belated Happiness -你是迟来的欢喜 Status in COO -74 Chapters (Completed) Original Publisher -jjwxc Disclaimer - I don...