CHAPTER (22-4)

163 28 0
                                    

ရွမ်ယွီက စားပြီးသား ပန်းကန်လုံးနှင့် တူများကို မီးဖိုချောင်ထဲ ယူသွားလေသည်။ ရွှီဟွိုက်စုန့်မှာ ဧည့်ခန်းထဲတွင်ထိုင်နေသော်လည်း စိတ်ကတခြားရောက်နေမဖသည်။ ထို့နောက် ဆဲလ်ဖုန်းကိုထုတ်ကာ ချန်ဟွေ့ဆီ စာပို့လိုက်သည်။ [ ငါ့ကို စန္ဒယားရှာပေးပါဦး ]

ချန်ဟွေ့ : [ ဝိုး ၊ အစ်ကိုစုန့် အစ်ကိုက စန္ဒယားတီးတတ်တယ်လား၊ တော်လိုက်တာ ]

ရွှီဟွိုက်စုန့် စာမပြန်တော့ဘဲ သက်ပြင်းချကာ ဆိုဖာကို ကျောမှီလိုက်မိသည်။

အမှန်တွင် စန္ဒယားမတီးဖြစ်သည်မှာ ၈ နှစ်ကြာနေပြီဖြစ်သဖြင့် သေချာမတီးတတ်တော့ပါချေ ။ ဂီတသင်္ကေတများကိုပင် ဖတ်တတ်တော့မည် မထင်ပါ။ ယာဉ်မောင်းလိုင်စင်ရပြီးသည့်နောက်တွင်မူ စက်တင်ဘာလတွင် ဖြေဆိုရမည့် အပြည်ပြည်ဆိုင်ရာ စာမေးပွဲအတွက် စာပေများလေ့လာကာ အစမ်းစာမေးပွဲများ ဖြေခဲ့ရလေသည်။

ရွမ်ယွီ၏ ဝတ္ထုထဲမှ ဇာတ်ကောင်များသည်ပင်လျှင် ထိုမျှလောက် ရှုပ်ထွေးစွာ နေထိုင်ခဲ့ရမည် မထင်မိပါ ။

ရွှီဟွိုက်စုန့် နာရီကိုကြည့်လိုက်ကာ မတ်တပ်ရပ်လိုက်ပြီး မီးဖိုချောင်ဆီ လျှောက်သွားလိုက်သည်။ ထို့နောက် တံခါးခေါက်ကာ ပြောလိုက်သည်။ " ကျွန်တော်ပြန်လိုက်ဦးမယ် "

ရွမ်ယွီက ပန်းကန်ဆေးနေရင်း နောက်လှည့်ကြည့်ကာ ပြောလာသည်။ " ဪ ဟုတ်ကဲ့ လှေကားထိပ်ထိ လိုက်ပို့ပေးမယ်လေ "

" ..... "

ရွမ်ယွီက သူ့အား ရည်းစားဖြစ်လာနိုင်သူတစ်ယောက်လို ရှိုးတိုးရှန့်တန့်ဖြစ်မနေဘဲ သာမန်အတိုင်း နွေးထွေးပျူငှာစွာသာ ဆက်ဆံပေးနေသည်ဟု ရွှီဟွိုက်စုန့် တွေးလိုက်မိသည်။

ထို့ကြောင့် " မလိုပါဘူး "ဟု ငြင်းလိုက်ကာ ခေတ္တတိတ်နေပြီးနောက် ထပ်ပြောလိုက်မိသည်။ " ဒါနဲ့ရုံးချိန်းက နောက် ၃ ရက်နေရင်နော် "

" အင်း ဟုတ်တယ်လေ "

" ကျွန်တော်က အဲ့နေ့မှာ ဆန်ဖရန်စစ္စကိုက တရားရုံးမှာ ရှိနေရမှာ "

ရွှီဟွိုက်စုန့်က ယနေ့တွင် စကားများစွာပြောနေသော်လည်း လိုရင်းမရောက်ဟု ရွမ်ယွီက တွေးနေမိတော့သည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now