CHAPTER (23-2)

141 24 1
                                    

ရှန်မင်ယင်ဘက်မှ ဖုန်းခေါ်လာသည့်အကြောင်းအရင်းကို မသိသော်ငြား လျိုမောက်၏ရှေ့တွင် မပြောလိုသဖြင့် ရွမ်ယွီ စားသောက်ဆိုင်အပြင်ဘက်ထွက်ပြီးမှ ဖုန်းကိုင်လိုက်သည် ။ " မင်ယင် "

ထိုအချိန်မှာပဲ ရွှီဟွိုက်စုန့်၏ကားက ပါကင်ထိုးနေသည်ကို တွေ့လိုက်သည်။

သို့သော် ရှန်မင်ယင်၏အသံမှာ အရေးကြီးနေပုံရသဖြင့် ရွမ်ယွီ ရွှီဟွိုက်စုန့်အား အာရုံမစိုက်နိုင်တော့ ။ " weiboကို အမြန်ကြည့်ကြည့်လိုက်ဦး "

" ဘာဖြစ်လို့လဲ "

" ချန်ရှီရှီက အဆုံးစီရင်တာကို live လွှင့်နေတယ် ၊ တစ်ချို့တွေက အဲ့ဒါ နင့်ကြောင့်လို့ ပြောနေကြတယ် "

ရွမ်ယွီ၏ဒူးများမှာ ပျော့ခွေသွားကာ လှေကားပေါ်မှ ခြေချော်ကျသွားတော့သည်။ ထိုအချိန်မှာပဲ သူမ၏လက်ကို တစ်စုံတစထယောက်က ဆွဲကိုင်ထားလိုက်လေသည်။

ရွှီဟွိုက်စုန့်က သူမရှေ့၌လာရပ်ကာ မေးလာလေ၏ ။ " ဘာဖြစ်လို့လဲ "

ရွမ်ယွီ မော့ကြည့်လိုက်ကာ ရေရွတ်လိုက်မိသည်။ " ချန်ရှီရှီ အဆုံးစီရင်လို့တဲ့....."

တရားရုံးအဆုံးအဖြတ်ကို တင်လိုက်သည့်နေ့မှာပဲ ချန်ရှီရှီက အဆုံးစီရင်နေခြင်း ဖြစ်လေသည်။

ရွမ်ယွီ တုန်ယင်နေသောလက်များဖြင့် weiboကို ဖွင့်ကြည့်လိုက်သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဖြတ်ချခံလိုက်ရပြီ ဖြစ်သည်။ ချန်ရှီရှီ၏ ဖုန်းကို ခေါ်ကြည့်သော်လည်း ကိုင်မည့်သူ မရှိချေ။

" သူမမိသားစုကို ဆက်သွယ်နိုင်မယ့်သူ တယောက်ယောက် စဉ်းစားကြည့်ပါဦး " ရွှီဟွိုက်စုန့်၏အသံမှာ တည်ငြိမ်လို့နေသည် ။

တစ်ယောက်တော့ ရှိပေသည်။

ရွမ်ယွီ လီရှီးချန်ကို ဖုန်းခေါ်လိုက်သည်။

လီရှီးချန်က ဖုန်းကို ချက်ချင်းကိုင်သည်။ ထို့နောက် မောဟိုက်နေပုံဖြင့် ပြောပြလာလေသည်။ " ဘာဖြစ်တာလဲဆိုတာ ကျွန်တော်သိပြီးပြီ ၊ သူ့အဖေနဲ့လည်း အဆက်အသွယ် ရပြီးပြီ ၊ အခြေအနေကောင်းတယ်ဆိုရင်တော့ ထိပ်တန်းဆေးရုံကို ပို့လိမ့်မယ် "

ကြမ္မာဖန်သော ပျော်ရွှင်မှုOù les histoires vivent. Découvrez maintenant