CHAPTER (17-1)

252 42 0
                                    

ရွမ်ယွီမှာ ဘာပြန်ပြောရမည်ကို စဉ်းစားမရတော့ချေ။

ယခုလို မျက်နှာချင်းဆိုင် တွေ့ရသည့်အခါတွင် အမှားမှားအယွင်းယွင်း ဖြစ်လွယ်သည်ဟုသာ တွေးနေမိသည်။

ထို့နောက် အမြန်ပြန်ပြောလိုက်သည်။ " ကျွန်မလေ့လာထားတာလေ ၊ ရှင့်အကြောင်း ဆောင်းပါးတစ်ပုဒ် အွန်လိုင်းပေါ်ကတွေ့လိုက်လို့ "

ဆင်ခြင်ကောင်းတစ်ခုဖြစ်သော်လည်း နောက်ထပ် ခက်ခဲသော အခြေအနေတစ်ရပ် ပေါ်ပေါက်လာတော့သည်။

ရွှီဟွိုက်စုန့်က ခပ်ဖျော့ဖျော့ပြုံးရင်း မေးလာသည်။ " ကျွန်တော့်အကြောင်းကို လေ့လာထားတာလား ၊ ဘာဖြစ်လို့လဲ "

လက်ထဲရှိ ဆန်မုန့်ကြော်ထည့်ထားသောပန်းကန်မှာ အလွန်ပူပြင်းလာသယောင် ရွမ်ယွီ ခံစားလိုက်ရသည်။

မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ပြန်ဖြေလိုက်မိသည်။ " ကျွန်မရဲ့ရှေ့နေဆိုတော့ နည်းနည်းပါးပါးသိရအောင် စူးစမ်းကြည့်ထားတာပါ ၊ မစ္စတာလျိုကလည်း ဟန်မြို့ကဆိုတာ သိထားပါတယ် " ဟုဆိုလိုက်ရင်း ဆန်မုန့်ကြော်ပန်းကန်နှင့် တူတစ်စုံကိုပေးကာ ပြောလိုက်သည်။ " ပူပူလေးရှိတုန်း စားလိုက်ပါ "

ရုတ်တရုတ် စကားလမ်းကြောင်းပြောင်းသွားသဖြင့် ရွှီဟွိုက်စုန့်က ပန်းကန်ကိုငုံ့ကြည့်ကာ ဆိုဖာထံ ပြန်သွားလိုက်လေသည်။

ရွမ်ယွီမှာလည်း နှာခေါင်းပွတ်ကာ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ရသည်။

ရွှီဟွိုက်စုန့်မှာ ဆန်မုန့်ကြော်ကို ဖြေးဖြေးချင်း စားနေလေ၏ ။ သူ့မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိသဖြင့် ဆန်မုန့်ကြော်က စားကောင်းလား မကောင်းဘူးလားဆိုသည်ကို မသိရချေ ။

ရွမ်ယွီမှာ ဆန်မုန့်ကြော်အား ရွှီဟွိုက်စုန့် ကြိုက်မက်ြိုက်ကို တွေးကြည့်နေမိသည်။ ခဏအကြာတွင် ရွှီဟွိုက်စုန့်က မော့ကြည့်ကာ မေးလာသည်။ " နည်းနည်းစားပါဦးလား "

သူမ စိတ်အားထက်သန်နေသည်က ထင်ရှားလွန်းသွားသောကြောင့်များလား။ အမြန်လက်ခါပြလိုက်ရလေသည်။ ထို့နောက် ရွှီဟွိုက်စုန့်တစ်ယောက် ဆန်မုန့်ကြော်အား အကုန်လုံး စားပစ်လိုက်သည်ကို ရွမ်ယွီမှာ ထိုင်ကြည့်နေရတော့သည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now