CHAPTER (15-3)

391 49 2
                                    

လီရှီးချန်က ပြောလိုက်လေသည်။ " တကယ်တော့ ကျွန်တော်က တောင်းပန်ဖို့လာခဲ့တာပါ၊ ချန်ရှီရှီက ကျွန်တော့်အဖေသူငယ်ချင်းရဲ့သမီးပါ၊ သူ ဟန်တက္ကသိုလ်ကိုတက်ဖို့ ရွေးခဲ့တာကလည်း ကျွန်တော့်ကြောင့်ပါ၊ အထက်တန်းကတည်းက ကျွန်တော့်ကို ကြိုက်နေခဲ့ပုံပါပဲ၊ သူ့ကို ကောင်းကောင်းမကိုင်တွယ်နိုင်ခဲ့တာက ကျွန်တော့်အမှားပါ"

ထိုသို့ကြားလိုက်ရမှသာ ရွမ်ယွီလည်း ဇာတ်ရည်လည်သွားတော့သည်။ ၄င်းကြောင့် ချန်ရှီရှီက ရွမ်ယွီအား ပြိုင်ဖက်အနေဖြင့် မုန်းတီးနေခြင်းဖြစ်လောက်သည်။ ချန်ရှီရှီ၏ ကလောင်နာမည်အစမှာလည်း လီရှီးချန်ကြောင့်သာ ဖြစ်ပေလိမ့်မည်။

သို့ပေသိ ရွမ်ယွီတွင် မေးခွန်းများရှိနေသေးပေသည်။ " ဒါပေမဲ့ ကျွန်မကလောင်နာမည်ကို သူနဲ့ရှင်က ဘယ်လိုသိကြတာလဲ "

လီရှီးချန်မှာ ချောင်းတစ်ဟွတ်ဟွတ် ဆိုးသွားလေတော့သည်။ " ကျွန်တော်ကျောင်းစတက်တုန်းက ကွန်ပြူတာပြင်ပေးခဲ့တာကို မှတ်မိသေးလား....."

"ဪ....."

ကွန်ပြူတာပေါ်တွင် သဲလွန်စများစွာကို တွေ့သွားနိုင်လေသည်။ သည့်အပြင် ထိုအချိန်လောက်တုန်းက ရွမ်ယွီမှာ စာစရေးကာစဖြစ်၍ သိပ်ဂရုမပြုတတ်မိခဲ့သေးချေ။

လီရှီးချန်က ဆက်ပြောပြန်သည်။ " သူမကကြတော့..... ကျွန်တော့်မှာ ကျဲရဲ့Weiboကိုပဲ ဖောလိုးလုပ်ထားတဲ့ weiboအကောင့်သီးသန့်တစ်ခုရှိတယ်၊ တစ်နည်းနည်းနဲ့ သူအဲ့ဒါကို ရှာတွေ့သွားတာ ၊ ကျွန်တော်တောင် အဲ့ကိစ္စကို သိတာမကြာသေးဘူး၊ မဟုတ်ရင် စောစောကတည်းက ဖြေရှင်းထားပါတယ်"

ရွမ်ယွီက ဖြေရှင်းမည်ဆိုသော စကားလုံးကိုကြားသောအခါ ပြန်ပြောလိုက်လေသည်။ "ဒါဆို အရင်ရက်တွေက weiboမှာဖြစ်သွားတဲ့ကိစ္စတွေက ရှင့်လူတွေလက်ချက်ပေါ့"

လီရှီစချန်က ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလာသည်။ "အဲ့လိုတော့လည်း ပြောလို့မရပါဘူး"

"ပြောလို့မရဘူး?"

ထိုသို့ဆိုလျှင် နောက်ကွယ်တွင် ဘယ်သူရှိနေတာများဖြစ်မလဲ ။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now