CHAPTER (11-2)

430 57 0
                                    

ရွမ်ယွီ ဒိန်ချဉ်တစ်ဇွန်း ခပ်၍စားကြည့်ပြီးနောက် ရပ်တန့်လိုက်သည်။ အထဲရှိ အစာပလာများမှာ မပျော့သေးဘဲ မာဆတ်ဆတ်ဖြစ်နေသေးလေသည်။ ဤအခြေအနေတွင် တဂျွတ်ဂျွတ်ဝါးစားနေရန်မသင့်ဟု ရွမ်ယွီ ထင်နေမိသည်။

သူမသည် ရွှီဟွိုက်စုန့်အား အထက်ကျောင်းတုန်းကရော ယခုအချိန်ထိပါ ထဲထဲဝင်ဝင် စကားမပြောဖူးသေးသောကြောင့် သူ့အကြောင်းကို သေသေချာချာမသိပါ။ ယခုတွင်မူ မျက်နှာချင်းဆိုင်၍ နေ့လည်စာစားနေမိတာ ဖြစ်ကြသောကြောင့် ရွမ်ယွီမှာ တဂျွတ်ဂျွတ်ဝါးစားပြရန်ကို တွန့်ဆုတ်နေမိသည်။

ထို့ကြောင့် ရွမ်ယွီလည်း ပါးစပ်ထဲရှိ ဒိန်ချဉ်များကို မြိုမချသေးဘဲ အထဲရှိအစာပလာများ ပျော့သွားသည့်အချိန်အထိ ငုံထားလိုက်တော့သည်။ နောက်မှ တဖြည်းဖြည်းချင်းဝါးကာ မြိုချလိုက်ပြီး ချောင်းဟန့်ကာ ပြောလိုက်သည်။ " မစ္စတာရွှီကြည့်ရတာ အလုပ်ရှုပ်နေပုံပဲ "

ရွှီဟွိုက်စုန့်၏ ပါးစပ်ထဲတွင် ပါစတာများဖြင့် ပလုတ်ပလောင်းဖြစ်နေလေသည်။ ထို့ကြောင့် စကားမပြောနိုင်ဘဲ ခေါင်းသာညိတ်ပြလိုက်သည်။

ရွမ်ယွီလည်း ၀မ်းသာအားရ ထပ်ပြောလိုက်သည်။ "ဒါဆိုလည်း ဆက်လုပ်နေပါနော် ၊ ဖုန်းခေါ်ရမယ့်အချိန်ရောက်မှ ကျွန်မထပ်ခေါ်လိုက်ပါ့မယ် "

ရွှီဟွိုက်စုန့်မှာ ပါစတာကို မြိုမချရသေးသဖြင့် စကားပြန်မပြောနိုင်သလို ခေါင်းခါပြရန်အတွက် အကြောင်းအရင်းကိုလည်း စဉ်းစားမရချေ။ ထို့ကြောင့် ခေါင်းသာညိတ်ပြလိုက်ရတော့သည်။

ရွမ်ယွီလည်း စိတ်သက်သာရာရသွားကာ ဗွီဒီယိုကောလ်အား အမြန်ပိတ်လိုက်တော့သည်။

*

ဘေကျင်းမြို့ နေ့လယ်အချိန် ၁၂:၁၅ရောက်တော့မှသာ ဗွီဒီယိုကောလ် ပြန်ခေါ်လိုက်ကြသည်။

ရွမ်ယွီက ဆဲလ်ဖုန်းအား လက်ထဲတွင်ကိုင်ထားလျက် အသက်ပြင်းပြင်းရှူနေလေသည်။ သူမကို ကြည့်လိုက်ရုံဖြင့် အလွန်စိတ်လှုပ်ရှား‌နေကြောင်း ရွှီဟွိုက်စုန့် သိသည်။ ယခုအချိန်တွင်သာ ဖုန်းခေါ်လိုက်မည်ဆိုပါက သူတို့အကြံများ ပေါ်သွားနိုင်ပေသည်။ သို့သော်လည်း သက်သေအချက်အလက်များကို တစ်ကြိမ်တည်းသာ ကြိုးစားပြီး အရယူနိုင်မှာဖြစ်သဖြင့် နောက်တစ်ကြိမ်ထပ်မံကြိုးစားရန် ရွမ်ယွီအတွက် အခွင့်အရေးမရှိချေ။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now