CHAPTER (10-1)

444 64 0
                                    

ဗွီဒီရိုကောလ်ပြောပြီးသွားသောအခါ ရွမ်ယွီသည် မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ပြေးလိုက်ရသကဲ့သို့ ခံစားနေရသည်။

ပြီးခါနီးတွင် ရွှီဟွိုက်စုန့်က ရွမ်ယွီအား ခုနကပြောခဲ့သော အချက်အလက်များကို နှိုင်းယှဉ်ပြရန် ပြင်ဆင်ချိန်မည်မျှလိုအပ်ကြောင်း မေးလေသည်။

ရွမ်ယွီလည်း ခန့်မှန်းချေအားဖြင့် သုံးရက်ခန့်ဟု ပြန်ဖြေခဲ့လိုက်သည်။

ခန့်မှန်းချေသုံးရက်ဟူသည်မှာ အလုပ်အလွန်အကျွံ လုပ်ရသော သုံးရက်ဖြစ်လေသည်။ သူမ၏ လည်ပင်းကိုလည်း ဂရုမစိုက်အားတော့ချေ။ ရွမ်ယွီမှာ ပြင်ဆင်ပြီးဖြစ်သော်လည်း ရွှီဟွိုက်စုန့်မှာ အလုပ်များနေသဖြင့် ၁ ပတ်ကြာသည်အထိ မဆွေးနွေးနိုင်သေးပေ။
ထို့ကြောင့် ရွမ်ယွီလည်း အနားယူသည့်အနေဖြင့် ခုနစ်ရက်မြောက် အလုပ်လုပ်ပြီးသောနေ့တွင် ရှန်မင်ယင်နှင့်အတူ လျှောက်လည်ရန် သဘောတူလိုက်သည်။

ရှန်မင်ယင်သည် ရွမ်ယွီအား စိတ်ပြေလက်ပျောက်ဖြစ်စေရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ အမှုကိစ္စကို တတ်နိုင်သမျှ မပြောဘဲနေသော်လည်း ရွှီဟွိုက်စုန့်အရှေ့တွင် သူမဘယ်သူမှန်း ပြောခဲ့၊မပြောခဲ့ မေးလေသည်။

ရွမ်ယွီက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။ "ဟင့်အင်း၊ ဒါပေမဲ့ မနက်ဖြန်ငါတို့ ဗွီဒီယိုကောလ်ခေါ်ဖို့ ရှိသေးတယ်....."

ရှန်မင်ယင်မှာ တစ်ကိုယ်လုံးတုန်လာသည်အထိ လှိုက်လှိုက်လှဲလှဲ ရယ်နေလေ၏ ။

သူတို့နှစ်ယောက်မှာ တစ်နေကုန် ဈေးဝယ်ထွက်ခဲ့ကြ၍ အိတ်ကြီးအိတ်ငယ်များစွာ လက်ထဲတွင် စုဆောင်းမိနေပြီဖြစ်သည်။ ညနေပိုင်းအိမ်မပြန်ခင် နောက်ဆုံးအ နေဖြင့် ရေမွှေးဝယ်ရန်လည်း သွားလိုက်ကြသေးသည်။

ရှန်မင်ယင်မှာ တက်ကြွလျက်ရှိနေတုန်းပင် ။ ရွမ်ယွီအတွက် စမ်းသုံးကြည့်ရန် ရေမွှေးနှစ်ပုလင်းယူပေးပြီး သူကိုယ်တိုင်လည်း တစ်ခုစမ်းကြည့်နေလေသည်။ ထို့နောက် အရောင်းဝန်ထမ်း ရောက်လာကာ ရေမွှေးတစ်ခုချင်းအကြောင်းကို ရှင်းပြ၍ ရေမွှေးအား ပိတ်စလေးပေါ်ဖြန်းလိုက်ပြီး ရွမ်ယွီအား အနံ့ခံကြည့်ရန် ပေးလာသည်။

ကြမ္မာဖန်သော ပျော်ရွှင်မှုWo Geschichten leben. Entdecke jetzt