CHAPTER (11-1)

425 57 0
                                    

ရွမ်ယွီက ရွှီဟွိုက်စုန့်ထံမှ သင်ယူရန် စိတ်အားထက်သန်နေလေသည်။

ရွှီဟွိုက်စုန့်သည် လက်ပိုက်ကာ မတ်မတ်ထိုင်လိုက်ပြီး သူမအားကြည့်ကာ အချက်အလက်များကို စတင်ပြောပြလာသည်။ " ပထမဆုံးလုပ်ရမှာက တစ်ဖက်ကဖုန်းဖြေနေတာက ဘယ်သူလဲဆိုတာကို ပေါ်လွင်အောင် မေးရမယ် ၊ ဖုန်းကိုင်လိုက်တာနဲ့ အဲ့ဒါကို အရင်ဆုံးစမေးရမယ် "

ရွမ်ယွီ ခေါင်းညိတ်ပြလိုက်သည်။ " ပြီးတော့ရော "

"အသံဖိုင်က တရားရုံးကို ပို့ရမှာဆိုတော့ ပြုပြင်ထားလို့မရဘူး ၊ တရားခွင်မှာက အချိန်ကန့်သတ်ထားတာရှိတော့ စကားကို ရှည်ရှည်ဝေးဝေးပြောနေလို့လည်း မဖြစ်ဘူး ၊ ဒါကြောင့်မို့လို့ အဓိကအကြောင်းအရာကို သံသယအဝင်မခံရအောင် အချိန်တိုအတွင်း မေးမှရမယ် "

တစ်နည်းဆိုရသော်  ချန်ရှီရှီက ရည်ရွယ်ချက်ရှိရှိဖြင့် ငွေပေးကာ လူသိများအောင်လုပ်ခဲ့သည်ဟု သံသယရှိသည့်အတွက် ထိုအကြောင်းအရာကို ပေါ်လွင်အောင် ရွမ်ယွီက မေးမြန်းရမှာဖြစ်သည်။

ရွမ်ယွီ  မျက်မှောင်ကြုံ့လိုက်မိသည်။ " အဲ့လိုကြီး တည့်တိုး(ဒဲ့တိုး)ဝန်ခံလောက်တဲ့အထိ သူမက အ,ပါ့မလား"

" ပုံမှန်အခြေအနေအတိုင်းဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့ ၊ အဲ့ဒါကြောင့် အဲ့ဒီအပိုင်းက နည်းနည်းတော့ခက်ခဲလိမ့်မယ်" ရွှီဟွိုက်စုန့်က ပြောရင်းနှင့် ရွမ်ယွီ၏ဗလာဖြစ်နေသောလက်ကို ကြည့်လာလေသည်။

ရွမ်ယွီမှာလည်း အမူအရာကို ချက်ချင်းနားလည်လိုက်သဖြင့် စားပွဲပေါ်ရှိ မှတ်စုစာအုပ်လေးနှင့် ဘောပင်ကို ကောက်ကိုင်လိုက်ကာ စိတ်အားထက်သန်စွာ ပြန်ကြည့်လိုက်သည်။ " ဆက်ပြောပါ မစ္စတာရွှီ၊ ဆက်ပြောပါ "

*

နာရီဝက်ကြာသောအခါ မှတ်စုတွင် စာလုံးများစွာဖြင့် ပြည့်သွားလေသည်။ ရွှီဟွိုက်စုန့်လည်း ပြောလို့ပြီးပြီဖြစ်သဖြင့် ရွမ်ယွီက မေးလိုက်သည်။ "အခု ဖုန်းခေါ်လိုက်ရတော့မလား"

ရွှီဟွိုက်စုန့်က ခေါင်းခါပြလာသည်။ " ပေကျင်းအချိန် နေ့လည် ၁၂ နာရီလောက်မှခေါ်တာကောင်းမယ် "

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now