One

2.8K 182 5
                                    

အဖြူရောင် လွင်ပြင်ကျယ်ကြီးထဲမှာ ကျနော်ဟာ
ပြေးလွှားနေမိတယ်..။ မှတ်ညဏ်တွေဟာ
တစ်ပိုင်းတစ်စနဲ့..။ အထက်တန်း နောက်ဆုံးနှစ်ရဲ့
နွေရာသီ ကျောင်းပိတ်ရက်။ အပန်းဖြေခရီးနဲ့
ပင်လယ်..။ပြီးတော့ သဲသောင်ပြင်ပေါ်မှာ
ပြေးလွှားရင်း ဘောလုံးကန်နေကြတဲ့
သူငယ်ချင်းတွေ..။ ကျနော်တို့ အကုန်လုံးဟာ
ဆော့ကစားရင်း ရယ်မောနေခဲ့ကြတယ်..။

အဲ့ဒီနောက် ရုတ်တရက်ကြီး ဘယ်အရပ်ဆီက
လာမှန်းမသိတဲ့ ဘောလုံးဟာ အလင်းနဲ့တူတဲ့
အမြန်နှုန်းနဲ့ ကျနော့်မျက်နှာ တည့်တည့်ကို
လာမိတ်ဆက်သည်။

နာကျင်မှုနဲ့အတူ ကြောက်လန့်တကြား မျက်လုံး
တွေ ဖွင့်ကြည့်မိတဲ့အချိန်မှာ အလင်းရောင်ဟာ
စူးလွန်းတာမို့ ဘေးပတ်ဝန်းကျင်ကို ရုတ်တရက်
မမြင်ရ။ မျက်တောင်ရှည်တွေကို ပုတ်ခတ်
ပုတ်ခက် လုပ်ရင်း ဖြေးဖြေးချင်းစီဖွင့်ရတယ်။
အမြင်အာရုံထဲ ပထမဆုံးဝင်လာတာက
မျက်နှာကျက် အဖြူရောင်။ ပြီးတော့ဘေးနားမှာ
ယူနီဖောင်းအပြည့်နဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေ။

ဘယ်ကို ရောက်နေတာလဲ..။
နေဦး...ဒါက ဆေးရုံဘဲ။

အကြာကြီး အိပ်ပျော်ပြီးမှ ပြန်နိုးလာသလိုမျိုး
ခံစားရသည်။ ကျနော်မှတ်မိတာက အထက်တန်း
ကျောင်းပိတ်ရက်ကို သူငယ်ချင်းတွေနဲ့အတူ
အပျော်ခရီးထွက် နေခဲ့တာလေ။ အခုနိုးလာတော့ ဆေးရုံရောက်နေခဲ့တာလား..။ ဘောလုံးမှန်ရုံနဲ့
ဆေးရုံရောက်ရတာတော့ မဟုတ်သေးပါဘူး..။
ဒါနဲ့ သူငယ်ချင်းတွေရော ဘယ်မှာလဲ..။
ဆေးရုံရောက်နေတာကို ဒေါ်လေးMeiကရော
ဘာလို့ ကျနော့်အနားမှာမရှိတာလဲ..။

ပြီးတော့အဖွား...။ အဖွားရော အခု ကျနော်ဆေးရုံ
ရောက်နေတာကို သိသွားပြီလား...။

"Kim Sunoo..shi...သတိရလာပြီလား...
အခု ဘယ်လိုနေသေးလဲ...."

ဆရာဝန်လို့ထင်ရတဲ့.လူကြီးတစ်ယောက်က
မေးတာကို ဇဝေဇဝါနဲ့ ကျနော် ခေါင်းညိတ်ပြ
လိုက်သည်။

နေပါဦး...ဆရာဝန်ကတော့ဟုတ်ပါပြီ။
အဲ့ဒီမေးတဲ့ ဆရာဝန်ဘေးက အရမ်းကို
စိုးရိမ်နေပုံနဲ့ ကြည့်နေတဲ့ လူကြီးကရော ဘယ်သူလဲ။ အဲ့ဒီလူကလွဲရင် အခန်းထဲကလူတွေ
အကုန်လုံးဟာ ယူနီဖောင်းဝတ်ထားတဲ့
ကျန်းမာရေး ဝန်ထမ်းတွေ။

Between Us { HEESUN }Where stories live. Discover now