Six

1.3K 166 35
                                    

ပုံရိပ်တွေနဲ့ စကားသံတွေဟာ ထင်ထင်ရှားရှား။

ပုံရိပ်ထဲက မျက်ရည်တွေနဲ့ ကျနော်ဟာ
ရယ်နေသည်။ ဖုန်းကိုင်ထားတဲ့
လက်တွေဟာလဲ တစ်ဆက်ဆက်တုန်လို့..။

" ကျနော် သူ့ကိုမရရင် သေသွားလိမ့်မယ်..
ကျနော့် ဘဝမှာ ဒီတစ်ခုလေးဘဲ
တောင်းဆိုဖူးတာကိုတောင် မလုပ်ပေးနိုင်ဘူးလား... တကယ် ပြောနေတာ အဖွား..
ကျနော် တကယ် သေသွားလိမ့်မယ်..."

ကျနော်ဟာ မလုပ်သင့်တာကို လုပ်နေတာ။
မှားနေမှန်းလဲ သိတယ်..။
ဒါပေမဲ့ အချစ်ဟာ အမှားတစ်ခုဆိုရင်တောင်
ကျနော်ဟာ နောင်တ တစ်စက်မှမရဘဲ
ထပ်ခါတလဲလဲ ထပ်မှားနေချင်တုန်းဘဲ။

...................

"အဲ့ဒီ အမျိုးသမီးက ဘယ်သူမို့လို့လဲ
ခင်ဗျားကားရဲ့ lover seatမှာ
သူက ဘာလို့ရှိနေရတာလဲ...
ဘာလို့ သူ့ကို ပေးထိုင်ရတာလဲ..ဟမ်.."

ကျနော်တောင် တစ်ခါမှ မထိုင်ဘူးခဲ့ဖူးတဲ့
နေရာကို။ ခါးသီးလှတဲ့ မနာလိုခြင်းဟာ
ကျနော့် နှလုံးသားကိုအက်စစ်နဲ့
လောင်းသလို တတိတိတိုက်စားနေတာ..။

ဒါပေမဲ့ ကျနော့် အနီးဆုံးကလူဟာ
ကျနော် ဖြစ်နေတာတွေကို
ဘယ်တော့မှ မမြင်ခဲ့..။
တမင် ဥပေက္ခာပြုထားတာမျိုးလဲ
ဖြစ်နိုင်သည်။

"ဟား.....မင်းက အမြဲပြဿနာဖြစ်ချင်နေတာ.
ကိုယ့်ကားကို ဘယ်သူမှစီးရမယ်၊ ဘယ်နေရာမှာ
ဘယ်သူမှ ထိုင်ရမယ်ဆိုတဲ့
သက်မှတ်ချက်မျိုး ကိုယ့်မှာမရှိဘူး...Sunoo
လုပ်ဖော်ကိုင်ဖက် အချင်းချင်း
ကိုယ် သူ့ကို ကူညီလိုက်တာမျိုးဘဲ...
တော်ပြီ... ကိုယ်ဘယ်လောက်ပြောပြော
မင်းက မင်းတွေးချင်တာကိုဘဲ
အမြဲဆွဲတွေးတတ်တာ.. ကိုယ့်ဘဝမှာ
အမြဲရိုးရိုးရှင်းရှင်း မှန်မှန်ကန်ကန်ဘဲ နေခဲ့တာ..
ကိုယ် ဘာတွေများအမှားလုပ်မိလို့
မင်းဟာ ကိုယ့်ကို ဒီလိုတွေဆက်ဆံနေပြီး၊
မင်း အတ္တတွေမှန်သမျှကို
ကိုယ့်ဆီပုံချနေလဲ ကိုယ်တကယ်
နားမလည်တော့ဘူး.."

Between Us { HEESUN }Where stories live. Discover now